အစ်ကို့ရဲ့ချိုင်းထောက်လေး~8
ဆေးရုံကိုရောက်တော့ ဆရာဝန်တွေက ဝမ်ရိပေါ်ကို ခေါ်သွားကြတယ်။သူ့ကိုတော့ မိုက်ကလာတွဲခေါ်လေတယ်။
VIP roomမှာ ဝမ်ရိပေါ်ကိုဆေးချိတ်ပေးကြတယ်။ သူကတော့ ထောင့်နားမှာ ဘဲ ကြည့်နေမိတယ်။
''တစ်နာရီလောက်နေရင် သတိရလာမှာပါ။''
သူဆရာဝန်ကိုခပ်သွက်သွက်လေးခေါင်းညိတ်ပြလိုက်တယ်။
ဆရာဝန်တွေထွက်သွားတာနဲ့ သူ
ဝမ်ရိပေါ်အနားကိုသွားလိုက်ပြီး မိုက် ကိုမော့ကြည့်လိုက်ကာ''ဘာတွေဖြစ်သွားတာလဲ။''
''ကျွန်တော်လည်း မသိဘူး အဆက်အသွယ်မလုပ်တာနဲ့ လိုက်လာတာ။ အခန်းထဲရောက်တော့ ဒီကောင်လဲနေတာတွေ့တာဘဲ။အခြေအနေဘာမှန်းမသိလို့ Ambulanceခေါ်လိုက်တာ။''
'' သူဒီအတောအတွင်း အခန်းအောင်းနေခဲ့တာထင်တယ်။''
''ဟုတ်မယ်။''
ဝမ်ရိပေါ်ကိုစိတ်မကောင်းခြင်းအပြည့်နဲ့ကြည့်နေတဲ့ရှောင်းကျန့်ကြောင့် ပြသနာတစ်ခုခုတက်ထားတာကိုသိလိုက်တာကြောင့် မိုက် ငြိမ်ငြိမ်လေးဘဲနေလိုက်တယ်။
နာရီဝက်လောက်ကြာတော့ Barမှာပြသနာတက်တာနဲ့သူလည်း
ရှောင်းကျန့်ကိုခွင့်တောင်းပြီး ထားပစ်ခဲ့လိုက်တယ်။>>>>>>>
မိုက် ပြန်သွားတာနဲ့ ဝမ်ရိပေါ်လက်လေးကိုသူဆုတ်ကိုင်လိုက်တယ်။
''အများကြီးပိန်သွားတာဘဲ။''
''ထမင်းအချိန်မှန်စားဖို့ ငါ့ကိုတ တွတ်တွတ်မှာတတ်တဲ့မင်းက အာဟာရပျက်လောက်အောင်ထိ မစားမသောက်ဘဲ ဘာလို့နေခဲ့တာလဲ။ မင်းကဆိုးလိုက်တာ။''
သူနာရီဝက်လုံးဝမ်ရိပေါ်ကိုထိုင်ကြည့်နေဖြစ်ခဲ့တယ်။
ခြောက်ကပ်ကပ်လည်ချောင်းကြောင့် ရေသောက်ဖို့ ခဏထွက်လာခဲ့လိုက်တယ်။
>>>>>>>>
ဝမ်ရိပေါ်လေးနေတဲ့ခေါင်းကိုခါရမ်းလိုက်ပြီး မျက်လုံးကိုအာရုံစိုက်ဖွင့်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မျက်နှာကျက်ဖြူဖြူကြောင့် သူဆေးရုံကိုရောက်နေတယ်ဆိုတာသိလိုက်ရတယ်။