|3|

1.9K 190 1
                                    

အစ်ကို့ရဲ့ချိုင်းထောက်လေး~3

ဝမ်ရိပေါ် တစ်ညလုံးအိပ်မပျော်ခဲ့ဘူး။အစ်ကိုကအနားကပ်ဖို့ သူထင်သလောက်မလွယ်ဘူး။

ခေါင်းကြည်အောင် စီးကရက်တစ်လိပ် လက်ကြားထိုးပြီး မြေညီထပ်ကို သွားဖို့ပြင်တယ်။အစ်ကို့ အခန်းကိုမြင်တော့ ဝင်ချင်စိတ်ပေါက်လာတယ်။
မာနခဲက ဒီနေ့ ထပ်လာရင် စိတ်ဆိုးမယ်ထင်တယ်။
ဒါနဲ့ ရပ်ကြည့်နေလိုက်တယ်။

ခံတွင်းချဥ်လာတာနဲ့ စီးကရက်ကိုမီးညိလိုက်တယ်။စီးကရက်ကို ဖွာရှိုက်ရင်းအစ်ကို့ အခန်းကိုကြည့်နေတုန်း
ဟိုမိန်းမရောက်လာ​ပြီးသူ့ကိုတစ်ချက်ဝေ့ကြည့်သွားတယ်။Public area မှာ ဆေးလိပ်သောက်နေတာကို မကြိုက်တဲ့ပုံဘဲ ။

''ရောက်လာပြီလား။''

''ဟိုနေ့ကliftထဲက တစ်ယောက်က မျက်နှာချင်းဆိုင်အခန်းမှာနေတာလား။''

''အင်းဟုတ်တယ် တွေ့လာတာလား။''

''သူ့ကြည့်ရတာ တစ်မျိုးဘဲ။''

''သဘောကောင်းပါတယ်။''

မေလီ ပုခုံးပင့်ပြလိုက်တယ်။သူမှမသိတာ။

''Bell..''
ဆိုဖာမှာထိုင်နေတဲ့ ရှောင်းကျန့်က
ထမလို့ပြင်တယ်။မေလီတားလိုက်ပြီး

''နေနေ ငါဖွင့်လိုက်မယ်။''

တွေ့လိုက်ရတဲ့လူကြောင့် မေလီ မျက်မှောင်ကြုပ်မိသွားတယ်။ထိုလူကလည်းသူ့ကိုပြန်စူးစိုက်ကြည့်နေလေတယ်။

''ဘယ်သူလဲ။''

အထဲကလှမ်းမေးနေတဲ့ရှောင်းကျန့်ကြောင့် မေလီ ဝင်ပေါက်ကနေဖယ်ပေးလိုက်တယ်။ထိုလူကအထဲဝင်သွားလေတယ်။

''အစ်ကို။''

''ရိပေါ်။''
မနေ့က စိတ်ဆိုးပြီးပြန်သွားတဲ့ရိပေါ်က ဘာမှမဖြစ်သလိုဘဲ ရှောင်းကျန့်ဘေးဝင်ထိုင်တယ်။
ရှောင်းကျန့်ကို အနည်းငယ်နေရခက်စေတယ်။

''အစ်ကိုဘာစားပြီးပြီလဲ။''

''အာ.. မစားရသေးဘူး။ မေလီဝယ်လာတဲ့ ဆန်ပြုတ်စားမလို့။''

''အင်း..မနေ့ညကရောအိပ်ပျော်ရဲ့လား။''

ဝမ်ရိပေါ်က မေးခွန်းတွေမေးရင်း phoneထုတ်ပြီး gameဆော့ဖို့ပြင်တယ်။

အစ်ကို့ရဲ့ချိုင်းထောက်လေး (Completed)Where stories live. Discover now