အစ်ကို့ရဲ့ ချိုင်းထောက်လေး~7
ကြက်သီးတွေပါထပြီး အရမ်းကိုပေါက်ချင်နေပြီဖြစ်တာကြောင့် ပေါင်ကို တင်းနေအောင်စိထားလိုက်တယ်။သည်းမခံနိုင်တော့တဲ့ ရှောင်းကျန့် မျက်ရည်တွေကျလာလေတယ်။
''ရိပေါ်..ဟင့်။''
လုံးဝ မထိန်းထားနိုင်တော့တဲ့ နောက်မှာ သူပေါက်ချမိလိုက်တယ်။
ဝမ်ရိပေါ်ကခေါက်ဆွဲပြုတ်နေတုန်း မိုက် ဆီက ဖုန်းလာလို့ ဖုန်းထွက်ပြောနေတာဖြစ်တယ်။
နူးအိနေပြီဖြစ်တဲ့ ခေါက်ဆွဲပြုတ်ကို ပန်းကန်ထဲ ထည့်ကာ အစ်ကို့အခန်းထဲကိုဝင်လိုက်တော့ အစ်ကိုက ပေါက်ကြားကိုလက်နဲ့ အုပ်ထားပြီး ခေါင်းငုံ့နေတာတွေ့ရတယ်။
''အစ်ကို စားလို့ရပြီ။''
တုတ်တုတ်တောင်မလှုပ်တဲ့အစ်ကို့ကြောင့် ပုခုံးကိုပုတ်လိုက်တော့ ဆက်ခနဲတုန်သွားလေတယ်။
''အစ်ကို ဘာဖြစ်နေတာလဲ။''
မူမမှန်တဲ့ အစ်ကို့ပုံကြောင့် ဝေ့ဝိုက်ကြည့်မိတော့ အစ်ကို့ဘေးက မွေ့ယာပေါ်
မှာ ရေဖိတ်ထားသလိုအကွက်ကြီးကိုတွေ့လိုက်ရတယ်။''ဘာတွေလဲ။''
လက်နဲ့ စမ်းကြည့်မလို့လှမ်းတဲ့ သူ့လက်ကို အစ်ကိုက ဆွဲကိုင်ပြီး
တားတယ်။''အစ်ကို ဒါဘာတွေလဲ။''
အစ်ကိုက ခေါင်းကိုသာခါရမ်းပြနေတာကြောင့် အစ်ကို့ကို လက်တစ်ဘက်နဲ့ သိုင်းချုပ်ထားပြီး ကျန်လက်နဲ့ မွေ့ယာပေါ်က အကွက်ကို စမ်းလိုက်တယ်။
''ဟင့် မလုပ်နဲ့။''
လက်ကို နှာခေါင်းနားကပ်ရှူကြည့်လိုက်တော့မှ သေးတွေပေနေတယ်ဆိုတာသိရတယ်။
''အစ်ကို သေးပေါက်ချထားမိတာလား။''
''မင်းကို မလုပ်နဲ့လို့ငါပြောခဲ့တယ်လေ!။''
ရုတ်တရက် ထအော်တဲ့အစ်ကို့ကြောင့် သူကြောင်သွားမိတယ်။ဒါတွေကိုသူကမရွံသလို အစ်ကိုကလည်း သူ့ကိုရှက်
နေစရာမလိုပါဘူး။''စိတ်အေးအေးထား အစ်ကို။ ဘာမှမဖြစ်ဘူး။ ဘောင်းဘီလဲရအောင်။''