အစ်ကို့ရဲ့ချိုင်းထောက်လေး~5
''တကယ်လို့ ကျွန်တော်က အစ်ကို့ကို...''
''Ring... ''
''ခဏလေးရိပေါ် အစ်ကိုဖုန်းကိုင်လိုက်ဦးမယ်။''
ဝမ်ရိပေါ် ခေါင်းညိတ်ပြလိိုက်ပြီး လက်အချင်းချင်းဆုပ်ကိုင်လိုက်တယ်။သူ သူ့ခံစားချက်တွေကိုအစ်ကို့ကိုဖွင့်ပြောမယ်။
''ရိပေါ်''
လှည့်လာတဲ့အစ်ကိုက မျက်ရည်တွေရွှဲ
နေပြီးတော့ သူ့နာမည်ကိုယောင်ယောင်လေးခေါ်လာတယ်။''အစ်ကိုဘာဖြစ်တာလဲ။''
ဝမ်ရိပေါ် ထိပ်ထိပ်ပျာပျာဖြစ်သွားတယ်။
''မေလီက ..ဟင့် လမ်းခွဲရအောင်တဲ့။''
''ဘာ!''
''ငါ့ကို သူ့ဆီလိုက်ပို့ပေးပါ။''
သူ့လက်ကို လာဆွဲ ပြီးပြောနေတဲ့ အစ်ကိုက လိုချင်တာကို မရ မက ပူဆာနေတဲ့ ကလေး လိုဘဲ။
<ဘယ်လို လုပ်ရမလဲ အစ်ကို ကျွန်တော် လိုက်မပို့ချင်ဘူး။ပြီးတော့တောင်းပန်ပါတယ် ကျွန်တော့် စိတ်ထဲ ဝမ်းသာနေမိလို့။အစ်ကို ငိုတာကိုသဘောမကျပေမယ့် အခုတော့ အဝငိုထားပါ။ကျွန်တော်က သေချာပေါက် ပျော်ရွှင်အောင်ထားပေးမှာမို့>
''အိမ်ပြန်ရအောင်ပါ အစ်ကို။''
''ဝမ်ရိပေါ် ငါ့ကိုမေလီ့လိုက်ပို့ပေးပါ။ငါတောင်းပန်ပါတယ်။''
မျက်ရည်တွေအိုင်နေတဲ့မျက်ဝန်းလေးတွေကို ဥပေက္ခာ ပြုလိုက်ရင်း ကားထွက်ဖို့ ပြင်လိုက်တယ်။
''လိုက်မပို့ရင် ငါဘာငါသွားမယ်။''
ပြောပြီး မိုက်ရူးရဲ ဆန်လွန်းတဲ့ အစ်ကိုက ကားပေါ်က ဆင်းသွားလေပြီ။မထောက်နိုင်တဲ့ ခြေထောက် တစ်ဘက်ကြောင့် လဲကျသွားတဲ့အစ်ကို။
''အစ်ကို!!''
''အစ်ကို ရူးနေလား!!!''
စိတ်ပူလွန်ပြီးထွက်လာတဲ့ဒေါသကြောင့်လဲကျနေတဲ့ အစ်ကို့ ပုခုံးတွေကိုဆွဲရမ်းနေမိတယ်။
''ငါ့ကို လိုက်ပို့ပေးပါ ။ ဖြေရှင်းချက် တစ်ခုခု နားထောင်ချင်တယ်။
သူဒီလိုဘာမှမပြောဘဲ တစ်ဖက်သက်လမ်းခွဲလို့မရဘူးလေ။အင့်... sob''