အစ်ကို့ရဲ့ချိုင်းထောက်လေး~1
''ကားပိတ်နေလို့နောက်ကျသွားတယ် ဆောရီး။''
အလောသုံးဆည် ဝင်လာတဲ့ မေလီက နှင်းတွေပေပွနေတဲ့ သူမ ကုတ်အင်္ကျီကို ခါချရင်းခပ်လောလောပြောလာတယ်။မေလီ စကား ကိုဝှီးချဲပေါ်မှာထိုင်နေတဲ့ရှောင်းကျန့်က ပြုံးပြုံးလေးခေါင်းရမ်းပြရှာတယ်။
''ဗိုက်ဆာနေပြီလား။''
''ကိုယ်မဆာသေးပါဘူး မေလီ အေးဆေးလုပ်ပါ။''
''စားပြီးရင် ဒီနေ့ဘာလုပ်ကြမလဲ
ဟင်.....''
မေလီက စဥ်းစားသလိုလေး သံရှည်ဆွဲ နေတယ်။
''ဒီနေ့ကိုယ်ဆေးရုံသွားရမယ့်နေ့လေ။''
''ဟုတ်သား မေလီမေ့သွားတယ်။စားပြီးရင်သွားကြတာပေါ့။''
မီးဖိုခန်းထဲ ကုပ်ကုပ်ကုပ်ကုပ်ဝင်သွားတဲ့ မေလီကိုကြည့်ပြီး ရှောင်းကျန့် အားတုံ့အားနာစိတ်တွေပိုဖြစ်လာရတယ်။လက်ထပ်ဖို့ တစ်လအလိုမှ ဖြစ်သွားတဲ့ accidentက သူ့ခြေထောက်တစ်ဘက်ကိုလမ်းမလျှောက်နိုင်ဖြစ်စေခဲ့တယ်။ လက်ထပ်ဖို့သဘောတူထားခဲ့ကြတဲ့ မေလီ့ မိဘတွေကလည်း အင်တင်တင်ဖြစ်ကုန်တယ်။
အချိန်ယူကြဦးပေါ့တဲ့။
မေလီကတော့ မနက်ဆိုရောက်လာပြီးသူနဲ့ တစ်နေကုန်အချိန်ဖြုန်းတယ်။ညနေလောက်မှပြန်သွားလေ့ရှိတယ်။>>>>>>>>
''အပြန်ကြရင် ညစာပါတစ်ခါတည်းဝယ်ကြမယ်။''
ဝှီးချဲကိုတွန်းရင်းမေလီကစကား တတွတ်တွတ်ပြောနေလေတယ်။
ရှောင်းကျန့်ကတော့ ပြုံးပြုံးပြံးပြုံးနဲ့ခေါင်းလေးညိတ်တယ်။lift ရောက်လာတော့ ဦထုပ်ခပ်ငိုက်ငိုက်စောင်းထားပြီး mask တပ်ထားတဲ့
လူတစ်ယောက် ကသူတို့ဝင်ဖို့ နေရာဖယ်ပေးတယ်။သူအခု ဘာလုပ်လိုက်တာလဲ ။သူနေတဲ့အထပ်ရောက်နေတာကို သူကliftထဲကမထွက်ဘဲ ပြန်လိုက်လာမိတယ်။နေရာတောင်ဖယ်ပေးလိုက်သေးတယ်။
သူစိတ်တွေလွတ်သွားမိတာ ဖြစ်နိုင်တဲ့အကြောင်းပြချက်က ဝှီးချဲပေါ်က
မျက်လုံးကြည်ကြည်လေးတွေနဲ့ကြည့်နေတဲ့လူကြောင့်ဖြစ်မယ်။