Unicode ~~~
"ကလေးငယ်~~~မောင့် အသည်း ကြာလိုက်တာကွာ။ပြန်မထွက်လာတော့ဘူးလား??ဘာဖြစ်နေလို့လဲ ??နေမကောင်းဘူးလား??ဗိုက်အောင့်လို့လား??မောင့်ကို တခုခုပြန်ပြောပါဦး။မောင်စိတ်ပူလို့။"
ဆော့ဂျင်မှာ အခန်းထဲဝင်လာပီးနောက် လက်ဆောင်တွေ မြင်ပီးအိမ်သာထဲဝင် သွားတာ ၁၅မိနစ်ကျော်နေပီ အခုထိကို ပြန်ထွက်မလာသေးပေ။ထို့ကြောင့် ဂျောင်ကုမှာ စိတ်ပူနေရခြင်းပင်။
"ဟို~~~ကျွန်တော်ဘာမှမဖြစ်ပါဘူး"
"မဖြစ်ရင်လည်းထွက်ခဲ့တော့လေ ကလေးရယ်။"
"ကျွန်တော်ရှက်လို့"
"အော်~~~မောင့်အသည်းရယ် ရှက်တာနဲ့ပဲ အိမ်သာထဲဝင်နေရလားကွာ။မောင် ပစ္စည်းတွေကို မောင့်ကလေး မမြင်အောင် ဖွက်ထားပေးမှာမို့ ထွက်ခဲ့နော်။"
"ဖယ်ပီးရင် ပြောနော်~~ပီးတော့ကျွန်တော် Koo ကို မျက်နှာချင်းဆိုင် မကြည့်ရဲဘူး။မျက်နှာပူလို့။"
"အဲ့တာဆို မောင့်မျက်နှာကို မကြည့်နဲ့။မောင့်ရင်ခွင်ထဲနေ ကျန်တာမောင့်တာဝန်ထား။"
"Kooနော် မဟုတ်တာ တွေ ပြောနေရင် ကျွန်တော် မထွက်လာတော့ဘူး။"
"အဲ့လိုတော့ မလုပ်ပါနဲ့ဗျာ။ညနေပိုင်းရောက်နေပီ တခုခုစားရဦးမယ်လေ မောင့်အသည်းရယ်။ပီးတော့ ဟိုလေးယောက်က ကမ်းခြေဘက်မှာ စားသောက်ကြဖို့ လာခဲ့တဲ့။"
"အဲ့တာဆို Koo အရင်သွား ကျွန်တော် နောက်က လိုက်ခဲ့မယ်။"
"မဟုတ်တာကွာ တူတူသွားရအောင်ပါ။ဟိုရောက်လည်း တွေ့ရမှာပဲကို။"
"Koo အရင်သွားပါဆိုဗျာ။ဟိုရောက်မှ တွေ့တာ က သူငယ်ချင်းတွေရှိတယ် လေ။အခုက နှစ်ယောက်ထဲရှက်ပါတယ်ဆို။"
"ဟောဗျာ~~ခက်တော့နေပါပီ။ကဲ အဲ့တာဆိုလည်း သဘော။မောင်သွားပီနော် ။လိုက်ခဲ့နော်။"
ထို့နောက်ဂျောင်ကုလည်း ကမ်းခြေသို့ရှုံ့မဲ့မဲ့ မျက်နှာထားကြီးဖြင့် ထွက်လာခဲ့လေသည်။
•••Skip•••
YG:" ဟိုကောင် မင်းမျက်နှာ ဘာဖြစ်လာတာလဲ??လက်ဆောင် တွေ မြင်ပီး ရှုံ့မဲ့နေတာ ဘာလဲ ငါတို့ ဝယ်ပေးတဲ့ တံဆိပ်က မကောင်းလို့လား??"