အချစ်ကြမ်းအတွဲနှင့်မူမမှန်သူများ❤️

2.4K 253 93
                                    

Unicode~~~

Hawaiiရောက်တဲ့နေ့ ကတည်းက ရေထဲလည်းမဆင်းရ ဘယ်မှလည်း မလည်ပတ်ရပဲ အိပ်ယာထဲတွင် အချိန် ကုန်နေရသည်မို့ ဆော့ဂျင်စိတ်ဆိုးနေတော့မည်မှာ အသေအချာပင်။

ဂျွန်ဂျောင်ကု တို့ဆိုသည်မှာလည်း ဘာပြောကောင်းမလဲ။ဘယ်တုန်းက အောင့်အီးထားလဲ မသိတဲ့ စိတ်တွေ ကို အတိုးချကာ သောင်းကျန်းနေလေရဲ့။ ဒါတွေကို ကြိုသိလို့ မယ်တော်က ကျောင်း မပီးမချင်း ဆော့ဂျင် နဲ့ တူတူ မနေခိုင်းတာနေမှာ။ သို့သော် မိဘ စကားမြေဝယ် မကျတဲ့ အိမ်ရှေ့စံမှာ တော့ လက်လွန်ခြေလွန်ရုံတင်မက တကိုယ်လုံးပါ လွန်နေပီးလေပီ။

အဝတ်မကပ်တာလည်း ဘယ်နှညမှန်း မသိ ။အိပ်ယာခင်း ကို Room service ခေါ်ပီး လဲခိုင်းရလွန်းလို့ ရှက်တောင် လာပီ။ မတတ်နိုင်ဘူးလေ နန်းတွင်းကိုပြန်ရောက်ရင် ဥပုသ် စောင့်ရမှာ ဆိုတော့ အခုထဲက အပီးအပြင် ဆော့ဂျင် ဆီ ဝင်အောင်းနေသော ဂျောင်ကု ။

ဒီနေ့တော့ Baby လေးကို အပြင်တွေ စိတ်ကြိုက်လည်ခိုင်းရမည်။ ထိုကိစ္စတွေ မစတင် ခင် ညကတည်းက ကိုကို နဲ့ baby ဖြစ်ခဲ့တာ အခုထက်ထိ ထို အခေါ်အဝေါ်မှာ အသက်ဝင်နေဆဲပင်။

ရင်ခွင်ထဲ သို့ တိုးဝင်ကာ အိပ်နေတဲ့ ဆော့ဂျင်ကို ဂျောင်ကု ငုံ့ကြည့်ကာ ပြုံးရင်းဖြင့် နဖူးလေးအား အနမ်းခြွေလိုက်သည်။ တကယ်ပါ သူ့baby လေးက မစခင် ကသာ မလုပ်နဲ့တားတတ် သော်လည်း နောက်ပိုင်း သူပြုသမျှ ငြိမ်ခံကာ စီးမျော နေတတ်သည်။

သို့သော် ပီးဆုံးသည့် အချိန် များ၌ 'ကိုကို က အမြဲ တဇွတ်ထိုး ကျွန်တော့် ဘက်ကို မညှာ တာ ဘူး ' ဟုဆိုကာ စိတ်ကောက်တတ်သေးသည်။

'ကိုကို'ဆိုသည့် အခေါ်အဝေါ်လေးမှာဆော့ဂျင်ဆီက ကြားရတာလောက် နားဝင်ချိုတာမရှိပေ။ထို့နောက် သူ့လက်ကလေးဖြင့် အနည်းငယ် ဖူးယောင်နေ တဲ့ ဆော့ဂျင်ရဲ့ နှုတ်ခမ်းလေးအား ထိတွေ့ကာ~~

"ဒီနှုတ်ခမ်းလေးက ဂျွန်ဂျောင်ကု ကို ဘယ်လို ပြုစားထားမှန်းကို မသိတာ။အား~~~ရူးတော့မယ်။"

ထို့အချိန် ဆော့ဂျင်မှာ အနည်းငယ် လှုပ်ရှား လာပီ ရင်ခွင်ထဲ ပို တိုးဝင်လာလေသည်။

A Love Story of Bhutin[Complete]Where stories live. Discover now