Unicode~~~
Jelhwa နန်းတော်ရဲ့ အနောက်ဘက်ဝန်းမှာ ဒန်ဖွန်း အပင်များ အပြင် နန်းတွင်း ရေကန် ကြီးဖြင့် အတော်သာယာလှသည်။
ထိုနေရာတွင် ရှိသည့် အဆောင်များမှာ စာပေလေ့လာရေး အဆောင်များအပြင် နန်းတွင်း၌စိုးစံခဲ့သည့် နတ်ရွာစံသည့်ဘုရင်များ၏ ပြာအိုးများ ထားရှိပီး အေးချမ်းသည့် ဗိမာန် အဆောင်လည်း ရှိလေသည်။
ဒါတင်မကသေးပေ အဆောင်ဝန်းကြီးရဲ့ တောင်ဘက် အရပ်တွင် ကြာကန် ကြီးရှိပီး ညဘက် ရောက်လျှင် ပိုးစုန်းကြူးများစွာ ရှိနေတတ်သည်။
ထိုကဲ့သို့သော အေးချမ်းလှပသည့် နေရာလေးမှာ ဂျောင်ကု ငယ်စဉ် ကတည်းက နေလာခဲ့သည့် နန်းတွင်းထဲ၌ အကြိုက်ဆုံးနေရာဖြစ်သည်။ဒါကြောင့် သူအကြိုက်ဆုံးနေရာလေးကို သူအချစ်ရဆုံး အသည်းစိုင်လေး ဆော့ဂျင်အား ခေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် သူ့အသည်းစိုင်လေးမှာ အပြစ်ကင်းစင်တဲ့ မွေးကာစ ကလေးလေး ကဲ့သို့ပင် ဂျောင်ကု ရင်ခွင်ထဲ၌ အိပ်မောကျနေလေသည်။ဖြစ်နိုင်ရင် တနေကုန် ဒီ ချစ်ရသော အသည်းစိုင် လေးကို ထိုင်ကြည့်ချင်ပါဘိ။
နေမကောင်းတဲ့သူက အိပ်တာကြာရင် သွေးလေးပီး ပို နှုံးတတ်သည်။ထို့ကြောင့် သူ့ဧကရာဇ်လေးကို နှိုးရပေဦးမည်။ထို့ကြောင့် ရင်ခွင်ထဲက ကြွက် ပေါက်လုံးလေးရဲ့ ဆံပင်လေးကို လက်ကလေးဖြင့် ပွတ်သပ်ရင်း~~
"မောင့် ကလေးလေးရေ ~~ထတော့နော်။အရမ်းကြီးမအိပ်နဲ့နော် "
"....."
ဂျောင်ကု နှိုးနေသည့်ပုံမှာ အိပ်ပျော် နေတဲ့လူ ထချင်စိတ်မရှိပဲ ပိုအိပ်မောကျအောင် ချောသိပ်နေသလိုပင်။သူ့အသည်းစိုင်လေးမှာ နည်းနည်းမှ လှုပ်ယှက်ခြင်းမရှိ။
ထို့ကြောင့် ပခုံးလေးကို ကိုင်ကာ အနည်းငယ် ပုတ်ပီး နှိုးရပြန်သည်။
"မောင့် အသည်းရေ~~~ဆော့ဂျင် လေးရေ~~~ထပါတော့။မောင်လွမ်းလှပီ မောင်နဲ့ တီတီတာတာ စကားတွေ ပြောဖို့ထတော့နော်မောင့်ကလေးငယ်"
"အင်း~~~Koo~~~နန်းတွင်းထဲရောက်ပီလား??"
နှိုးကာစလေးမို့ ထွက်ပေါ်လာသည့် အသံအက်ရှရှလေးဟာလည်း တမျိုးလေး ဆွဲဆောင်မှုရှိနေပြန်တယ်။တကယ်ပါ မောင့်ကလေးငယ်က
မောင့်အတွက်အချစ်ဓာတ်လေး။