Unicode~~~~
"SeokJin Ahh~~~"
လူအုပ်ကြားထဲတိုးဝှေ့ကာ ဂျီမင်နဲ့ ဟိုဆော့ လှမ်းခေါ်လိုက်သည်။တကယ်ပါ လူအုပ်ကိုလည်း တိုးရသေး အရှေ့က ကာထားတဲ့ အစောင့်တွေ နဲ့ မျက်နှာက နိုင်ရင်နိုင် မနိုင်ရင် ကိုင် မဲ့ ရုပ်တွေ နဲ့မို့ သူတို့နှစ်ယောက် ဆော့ဂျင် ဆီကို သွားမရပေ။
သို့သော် ဂျီမင်မှ အရှေ့က ဗလ တောင့် တောင့် နဲ့ သက်တော်စောင့် တဦးအား~
"အကိုခင်ဗျ~~~"
"......"
ဂျီမင် အတတ်နိုင်ဆုံး ချိုသာသည့် အသံဖြင့် တလေးတစား ခေါ်သော် လည်း ပြန်ရလိုက်သည်မှာ သေချင်လို့လား ဆိုသည့် အကြည့်မျိုးသာ။ထို့ကြောင့် တံတွေးလေး မျိုချပီး အရဲစွန့်ပီး ထပ်ပြောကြည့်မည့် အချိန်တွင် သတ္တိခဲလေး မောင်ဟိုဆော့မှ~~~~
"Jimin Ahh~~ကြည့်လုပ်နော် ။အပြော မတတ်ရင် မင်းရော ငါရော နောင်ဘဝကို ဖိတ်စာမကမ်းပဲရောက် ကုန်မယ်။သူ့တို့ပုံစံ နဲ့ ငါတို့ပုံစံကို ကြည့်ဦး သူတို့က ဗလ တောင့်တောင့်တွေ ငါတို့က သေးညှပ်ညှပ်တွေရယ် သူတို့ လက်ထဲရောက်သွားရင် ငါတို့က သွားကြားထိုးတံ လောက်လေး ပဲရှိတော့မှာ။"
ထိုကဲ့သို့ ဂျီမင် အနားကပ်ကာ ဟိုဆော့ရဲ့တီးတိုး ဆိုလိုက်သည့် စကားကြောင့် ကြက်သီးများပင်ထသွားရသည်။
"Hoseok Ahh~~မင်းပြောမှ ငါဒူးပါမခိုင်ချင်တော့ဘူး။"
ထိုသို့ဖြင့် ဟိုဆော့နဲ့ ဂျီမင်းမှာ သူတို့ ဘော်ဒါကြီး ဆော့ဂျင်အနား မသွားနိုင်ပဲ အရှေ့တွင် ကာရပ်ထားသည့် သက်တော်စောင့်ကြီးရှေ့တွင် ခေါင်းလေးကုတ်လိုက် လှမ်းကြည့်လိုက်ဖြင့်သာ။ ထိုအချိန် သူတို့ဘေးတွင် လာရပ် သည့်ထယ်ယောင်း နှင့် တပြိုင်တည်း သူတို့ရှေ့တွင် ဦးညွတ်လိုက်သည့် နန်းတွင်ူ သက်တော်စောင့်~~~
"Hoseok Ahh !!Jimin Ahh..."
ထယ်ယောင်း လည်း ဟိုဆော့ နဲ့ဂျီမင် ကို ခေါ်လိုက်ကာ အရှေ့က သက်တော် စောင့် ကိုလည်း တစ်ဖန်ဦးညွှတ်ပြလိုက်သည်။
အံ့ဩမှု အဖြာဖြာဖြင့် ဟိုဆော့ နဲ့ ဂျီမင်တို့မှာ 'ဘာလဲဟ...အဆန်းကြီးပါလား'ဆိုသည့် ပုံစံတွေ ဖြင့် ကျေနပ် နေသည်။ထို့နောက် ထယ်ယောင်းအား အလယ်တွင်ထားကာ ပခုံးကိုဖက်လိုက် ကြပီး ~~