အလွမ်းသယ်ခြင်း❤️

2.6K 254 152
                                    

Unicode~~~

ဆေးရုံမှာ ရုတ်တရက်တွေ့လိုက်ရတဲ့ ထယ်ယောင်း ကြောင့် ဂျောင်ကုရော ကျန်တဲ့ယွန်ဂီတို့ပါ အံ့ဩမိသွားသည်။

အရေးပေါ်ခွဲစိတ်ခန်းထဲ ဝင်သွားတဲ့ ထယ်ယောင်းအမေ ရဲ့ အရေးပေါ်
ကုတင်အား တွန်းနေရင်း ဆရာဝန်မှ လူနာရှင် အပြင်မှာ စောင့်ပေးပါဟူ သောမှာကြားချက်ကြောင့်ထယ်ယော င်း မျက်ရည်တွေနဲ့ ရပ် ကျန်ခဲ့သည်။

"TaeHyung~~!!!"

နာမည် ခေါ်သံကြောင့် လှည့်ကြည့်မိတော့ တွေ့လိုက်ရသည်မှာ ဂျောင်ကုနဲ့ ယွန်ဂီတို့။

"မင်းတို့က ဘယ်လိုလုပ်???"

ထယ်ယောင်း ရဲ့ အမေးကို နမ်ဂျွန်းမှ~

"ငါတို့က ဆော့ဂျင် ဆေးရုံတင်လိုက်ရလို့။"

"ဟင်!!!တောင်း~~~တောင်းပန်ပါတယ်။ငါ့ကြောင့်မို့~~~~"

ဆော့ဂျင်ရဲ့ သတင်းကို ကြားပီးနောက် အသံလေးတိမ်ဝင်ကာ တောင်းပန် စကားဆိုလာသောကြောင့် နမ်ဂျွန်းတို့ နားမလည် စွာ တယောက် နဲ့တယောက် ကြည့်လိုက်သည်။

ထိုအချိန် ဂျောင်ကုမှ အရေးပေါ်ကုတင်၌မြင်လိုက်ရသော အဒေါ်ဖြစ်သူရဲ့ ပုံစံရယ် ထယ်ယောင်း ယခု ပြောတဲ့ စကား တွေရယ်ကြောင့် တခုခုက်ို သိသွားဟန်ဖြင့် ~~~

"မင်း က ဘာလို တောင်းပန်တာလဲ???ငါနားလည်အောင်ပြော~~"

"တကယ်တော့~~တကယ်တော့~~"

မျက်ရည်တွေ ကျရင်း စကားတွေ အထစ်အထစ်အငေါ့အငေါ့ဖြစ်နေတဲ့ထယ်ယောင်းအား ဂျောင်ကု စိတ်မရှည် ချင်တော့ပါ။

"တကယ်တော့ ဘာဖြစ်လဲ~~ငိုမနေပဲ အမြန်ပြောစမ်းပါ။အကယ်၍ ငါအခုတွေးနေ တဲ့ အတိုင်းသား ဖြစ်နေမယ် ဆို ငါ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်။"

"တောင်း~~တောင်းပန်ပါတယ် Jung Kook Ahh~~Hyung တကယ်ပဲ တောင်းပန်ပါတယ်။ဒီလို အချိန်မှာ ဒီစကားမျိုးကလွဲပီး ပြောစရာစကားမရှိတာမို့။"

ဂျောင်ကု ဒေါသ တွေ အထွတ်အထိပ် ရောက်သွားသည်မှာ အမှန်ပင်။ နန်းတွင်း နှစ်ပတ်လည်မှာ ထယ်ယောင်း အမေ ကိုယ်တိုင် ချွဲဆိုယောင်းကို ခေါ်လာကတည်းက ဒီလို ပြဿနာတွေရှိလာခဲ့တာ။

A Love Story of Bhutin[Complete]Where stories live. Discover now