Unicode~~~
မနက်လင်းတော့ ဆော့ဂျင်မှာ အိပ်နေတုန်းပင် ။ထို့ကြောင့်ဂျောင်ကုအိပ်ယာမှ အသာထပြီးထွက်ဖို့ပြင်ဆင်တော့ သည်။
ခဏကြာတော့ အထိန်းတော်ကြီးမှ လေယာဉ်ချိန်ကြောင့် စောထွက်ရန် အခန်းထဲသို့ ဝင် အသိပေးလေတော့ ဂျောင်ကုမှ ပါးစပ်ပေါ် လက်ညိုးလေး တင်ရင်း အသံမထွက်ဖို့ အထိန်းတော် အား အသိပေးလိုက်လေသည်။
အကြောင်းမှာတော့သူ့အသည်းအသက်လေး မနိုးသေးတာကြောင့်ပင်။သူကိုယ်တိုင်လည်း ဆော့ဂျင်နိုးမသွားစေလိုပါ။သူမသွားခင် ဆော့ဂျင် ငိုပါက သူဒီခရီးကိုသွားမည့် ဆုံးဖြတ် ချက်ဟာ သေချာတော့မည်မဟုတ်ပါ။
ထို့ကြောင့် အိပ်မောကျနေတဲ့ ဆော့ဂျင် နဖူးလေးကိုနမ်းကာ စာလေးတစောင်ချန်ထားပီး ထွက်လာခဲ့သည်။
ဂျောင်ကု လေယာဉ်ပေါ်ရောက်တော့ ညကမက်တဲ့အိပ်မက်လေးအကြောင်းတွေးမိပြုံးမိပြန်သည်။အိပ်မက်ထဲမှာ
ဆော့ဂျင်က ယုန်လေးတကောင်သူ့အားလက်ဆောင်ပေးသည်တဲ့လေ။
ထိုယုန်လေးကိုကဗျာ ဆန်ဆန် အနှီးထုပ်လေး နဲ့ ပတ်ထားသေးသည်။သူကိုယ်တိုင်ကလည်း ထိုယုန်လေးကိုပွေ့ချီကာ နို့ဘူးလေးဖြင့်နို့တိုက်နေလေသည်တဲ့။ထိုအကြောင်းတွေ တွေးနေရင်းဖြင့် ဒီအချိန်ဆို နန်းဆောင်တွင် သူ့ကလေးငယ်လေး နိုးရော့မည်ဟု တွေးမိပြန်တော့ သက်ပြင်းသာသာလေး ချမိပြန်သည်။
"လွမ်းနေပီ Seok Jinရယ်။ကိုကို ဘာမှ မပြောပဲထွက်လာခဲ့လို့ စိတ်မကောင်းဖြစ်နေလေမလား??"
ထို့နောက် မျက်စိအစုံကို မှိတ်ကာ ဆော့ဂျင်ရဲ့ ပုံရိပ်လေးတွေကို ပုံဖော်ကြည့်နေမိတော့သည်။လေယာဉ်လေးဟာလည်း အချစ်ရှိတဲ့မြို့လေးမှပျံတက် ကာ ဝေးရာကိုဦးတည်နေလေ၏။
•••Skip•••
At Jelhwa Palace~~~~
"ကိုကို~~~ကိုကိုရော???"
ဆော့ဂျင်နိုးလာတော့ ဂျောင်ကုကို မတွေ့ရတော့ အခန်းထဲတွင် ပတ်ရှာနေလေသည်။ ထိုသို့ ရှာနေရင်းဖြင့် အသံလေးမှာလည်း တုန်ရီလေပီ။