Part_1

449 54 7
                                    

Unicode

Jeon Jungkook :
              မိဘနှစ်ပါးလုံးသည် accidentတစ်ခုကြောင့် ကွန်လွန်သွားချိန်တွင် ခုနစ်နှစ်သားအရွယ်သာရှိသောကောင်လေး။ ဆွေမျိုးရယ်လို့ပင် များများစားစား မရှိသောကြောင့် အဒေါ်လင်မယားနှင့်အတူနေသည်။ မချစ်သော်လည်း အောင့်ခါနမ်းဆိုသလို သူ့ကိုမချစ်ပေမယ့် မိဘတွေထားခဲ့သည့်တသပ်စားမကုန်နိုင်သည့်အ‌ေမွ‌ေတွ‌ေကြာင့် အဒေါ်လင်မယားသည်မှာလား သူ့ကို ပြုမူပြောဆို ဆက်ဆံပုံများသည်လည်းအပေါ်ယံသာ။ မိဘတွေဆုံးပြီးသွားသည့်အချိန်တွင် ခိုကိုးရာ မဲ့နေခဲ့သည့်ခုနစ်နှစ်သားအရွယ် သူ့အတွက်တော့ နားခိုရာ အေးချမ်းရာ ဟူ၍မရှိ။ ခပ်ဆိုးဆိုးသူ့ပုံစံကြောင့် ပတ်ဝန်းကျင်က လက်ညှိုးထိုးကဲ့ရဲ့ချင်ကြပေမယ့် ချမ်းသာကြွယ်ဝမှု အရှိန်အဝါကြောင့် သာခပ်ဝပ်‌ဝပ်နေ နေကြပုံရသည်။ အခုတော့ဖြင့် သူ၏ဖြေသိမ့်ရာမှာ စီးနေကြ Skateboard လေးမှတပါး မည်သူမှမရှိသေး။ မရှိသေးဆိုသေးဆိုသည်ထက် မရှိတာလို့ပြောရင်ပင် သွေးထွက်အောင်မှန်ပေလိမ့်မည်။

Kim Namjoon:
           ပြည့်စုံတဲ့ မိသားစုကမွေးဖွားလာသူ။ ကိုရီးယားတွင် Top 3ထိပ်တန်းဝင်
Archive အမည်ရှိ company ဥက္ကဠ၏ Kim Seokjin ,Kim Namjoon,Kim Taehyung မည်သော ညီအကိုသုံးယောက်အနက် သားလတ်ဖြစ်သူ။ စာသင် စာဖတ်ကို ဝါသနာပြင်းပြသူပီပီ ဖခင်ဖြစ်သူ၏ companyတွင် အလုပ်မဝင်ဘဲ အထက်တန်းပြ Professor တစ်ယောက်အနေဖြင့်သာ အေးအေးဆေးဆေးဖြတ်သန်းသူ။ အပူအပင်မရှိ မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင် နေ့ရက်တိုင်းကို စိတ်တိုင်းကျ နေထိုင်နိုင်သူ။မိဘတွေ၏ စီစဉ်မှုကြောင့် ကိုယ့်ထက် 7နှစ်မျှငယ်သည့် အထက်တန်းကျောင်းသားကို လက်ထက်ရမည်ဟူသည် အတွေးသည် သူ့ကိုပင် အနည်းငယ်စိတ်လှုပ်ရှားစေသည်။

Jk's aunt:"Jungkook ဟိုနေ့က အဒေါ်တို့ပြောတဲ့ မင်္ဂလာပွဲအကြောင်းနဲ့ပတ်သက်ပြီးကို မင်းပြင်ဆင်ထားသင့်ပြီ"

ဒီနေ့ဟိုဘက်ရပ်ကွက်က ကောင်တစ်စုနှင့် Skate ပြိုင်ရန်အောက်ထပ်သို့ဆင်းလာချိန်တွင် ကြားလိုက်ရသောစကားက Jeon၏ ဒေါသတွေကို ထပ်မံတူးဆွပေးနေသယောင်။

Mr. professor and His nuisance Skater boyWhere stories live. Discover now