Unicode
Jeon သည် ကြီးငွေနှင့် ဒီရက်အတွင်းပိုပြီးရင်းနှီးလာသည်။ ခါတိုင်း အိမ်ကိုပင် ကောင်းကောင်း မကပ်သူသည် အခုတလော အိမ်တွင်နေကာ စားချင်သမျှ ဟင်းတို့ကို ကြီးငွေအား ချက်ခိုင်းသည်။
အရင်ကထက်လည်း အရယ်အပြုံးများလာသည်။ သူနှင့်ဆက်ဆံရေးသည်သာ အေးစက်စက်ဖြစ်နေသေးပေမယ့်လည်း အခုလို အရယ်အပြုံးတွေ့ရသည်က တော်သေးသည်ပြောရမည်။JK:"ကြီးငွေ ကျွန်တော်အပြင်သွားဦးမယ်"
ကြီးငွေ:"Jungkookလေး အပြင်သွားရင် ဂရုစိုက်သွားပါနော်"
Jeon တစ်ယောက် Skate board ကိုဆွဲကာ ခြံဝန်းထဲအထွက် ခြံထဲသို့ဝင်လာသည့် ကားတစ်စီး။
Sj:"Jungkook အပြင်သွားမလို့လား?"
JK:"အာ Jin hyung မင်္ဂလာပါ။ ကျွန်တော်အခုဘဲ အပြင်သွားတော့မလို့"
Sj:"ဟို Hyung ပြောစရာ အဲ"
TH:"ဟာ Hyung ကလည်းဗျာ တစ်အဲအဲနဲ့ လိုရင်းမရောက်တော့ဘူး။ ဒီလို Jungkookရေ ဒီနေ့ Appa က မင်းတို့ကို အိမ်မှာ ထမင်းစားဖို့ ခေါ်ခိုင်းလိုက်တာ။ ဒီနေ့က ကျောင်းပိတ်ရက်မလား ပြီးတော့ အကိုတို့ကလည်း အလုပ်နားရက်မလို့ အားလုံးလူစုံတက်စုံ ထမင်းစားရအောင်တဲ့လေ"
Sj:"ဟုတ်တယ် ဟုတ်တယ် Hyungလဲ အဲ့တာဘဲပြောမလို့။ Namjoon ရော?"
JK:"Namjoon Hyung စာကြည့်ခန်းမှာစာဖတ်နေမယ်ထင်တယ်"
Sj:"ဪ ဒါဆိုအကိုသွားခေါ်လိုက်ဦးမယ်"
Skate boardကိုကိုင်ကာ အပြင်ထွက်ဖို့ လမ်းပြင်နေသည့် Jeonကို Seokjinနဲ့လိုက်မသွားဘဲ ကျန်နေခဲ့သည့် Taehyungက တားရသည်။
TH:"ဟိတ် ဟိတ် ဒါဘယ်လဲ"
JK:"Skate သွားစီးမလို့။"
TH:" အိမ်လိုက်ခဲ့ရမှာပါဆို အပြင်သွားလို့ဘယ်ဖြစ်မလဲ"
JK:"အခုသွားတော့မှာမှ မဟုတ်တာ ကျွန်တော် Skate စီးတာမကြာပါဘူး"
TH:"အခုသွားတော့မှာ Seokjin Hyung က Namjoon Hyungကိုသွားခေါ်နေတာလေ။ Hyung နှစ်ယောက်လာတာနဲ့သွားမှာ အဲ့တာကြောင့်အကိုတောင်လိုက်မသွားဘဲ ကားနားကနေစောင့်နေတာ"
DU LIEST GERADE
Mr. professor and His nuisance Skater boy
FanfictionUnicode "ဒီမှာ ပေါက်စ ကိုယ်တို့ကတရားဝင်လက်ထက်ထားတာနော် အဲ့တာကြောင့်အနည်းဆုံးတော့ ကိုယ့်စကားကိုနားထောင်သင့်တယ်မလား။" __Kim Namjoon__ "ဘယ်လိုဘဲလက်ထက်ထားတယ်ဘဲပြောပြော ကျွန်တော့်ဝါသနာမပိတ်ပင်သင့်ဘူးထင်တယ် ။လက်ထက်ခါနီးမှတွေ့ဖူးခဲ့ကြတဲ့လူတွေဘဲမလား။ပြီးတော...