Unicode
ကျောင်းဖွင့်ရက်တိုင်းသည် Jeon အတွက်တော့ နှစ်သက်ဖွယ်မကောင်းခဲ့ပေ။
ထိုကဲ့သို့ မနှစ်သက်ပါသော စာသင်ခန်းဆီသို့ တဖန် ပြန်သွားရဦးပေမည်။ရေမိုးချိုးကာ လွန်ခဲ့သည့် နှစ်လလုံးလုံးက မဝတ်ဖြစ်ခဲ့သည့် uniform ကိုဝတ်ရပြန်သည်။
လက်ဆွဲတော် သူ၏ skate boardကိုဆွဲကာ ခြံထဲအဆင်း
NJ:"Hey ကျောင်းသွားမှာမို့လား လာကိုယ်လိုက်ပို့မယ်"
JK:"နေပါစေ ကျွန်တော် ကိုယ့်ဘာသာဘဲသွားလိုက်မယ်"
NJ:"ထပ်ပြီး skate နဲ့လား ဟိုနေ့က ဒဏ်ရာတွေတောင်မပျောက်....."
JK:"သွားလိုက်ပါဦးမယ် အဲ့ဘက် က လည်းသွားစရာရှိတာသွားပါတော့"
သူ၏စကားအားဆုံးအောင်ပင်နားမထောင်ဘဲ ထွက်သွားသည့်Jeonအား Namjoonjoonမတားမိ။
NJ:"ဒီကောင်လေး မျက်နှာကရော ခြေထောက်ကဒဏ်ရာေတွေတာင် အရှင်းမပျောက်သေး တာကို"
____________
Skate ကိုအရှိန်မှန်မှန်စီးလာခဲ့သည်မှာ ကျောင်းဝန်းထဲရောက်မှန်းမသိ ရောက်လာခဲ့လေပြီ။
အခန်း၏ အချိန်ဇယားကိုတချက်ကြည့်လိုက်သည်။ ကိုယ်တက်ရောက်ရမည့် ဘာသာအချိန်ဇယားကိုတော့ သိရမည်မဟုတ်လား။
JK:"English? ထပ်ပြီး အိပ်ငိုက်ရဦးမှာပေါ့ "
အတန်းချိန်နီးလာသည်နှင့်အမျှ စာသင်ခန်းထဲသို့ ကျောင်းသားများဖြင့် တဖြည်းဖြည်းပြည့်လာခဲ့သည်။
Teacher:"ကလေးတို့ ဆရာပြောစရာရှိတယ် အားလုံးနားထောင်ပေးကြပါ"
Teacher:"မင်းတို့ သိသင့်သလောက်လည်းသိကြမှာပါ မင်းတို့ရဲ့ အတန်းပိုင် ဆရာက အမျိုးမျိုးသောကျန်းမာရေးအခြေအနေကြောင့် ဒီအတန်းကိုထပ်ပြီး စောင့်ရှောက်သင်ကြားပေးနိုင်မှာ မဟုတ်တာကြောင့် ဆရာတို့က မင်းတို့အတွက် အတန်းပိုင်ဆရာအသစ်နဲ့ မိတ်ဆက်ပေးမယ်။ ဆရာ Kim Namjoon အခန်းထဲဝင်လာခဲ့ပါဦး"
အခန်းထဲမှ အများစုသော ကျောင်းသူတွေ၏ တဝိုးဝိုး အောင်သံတွေမှာ ချက်ချင်းပင်လှိုင်တက်လာသည်။
YOU ARE READING
Mr. professor and His nuisance Skater boy
FanfictionUnicode "ဒီမှာ ပေါက်စ ကိုယ်တို့ကတရားဝင်လက်ထက်ထားတာနော် အဲ့တာကြောင့်အနည်းဆုံးတော့ ကိုယ့်စကားကိုနားထောင်သင့်တယ်မလား။" __Kim Namjoon__ "ဘယ်လိုဘဲလက်ထက်ထားတယ်ဘဲပြောပြော ကျွန်တော့်ဝါသနာမပိတ်ပင်သင့်ဘူးထင်တယ် ။လက်ထက်ခါနီးမှတွေ့ဖူးခဲ့ကြတဲ့လူတွေဘဲမလား။ပြီးတော...