Unicode
အချိန်အားဖြင့် နေ့လည် 3နာရီ
ဒီနေ့အလွန်ပင်ပန်းသည်။ နှစ်နှစ်ကာကာချစ်မြတ်နိုးရသူ လူသားနှစ်ဦးအတွက် ဘဝမှာတစ်ခါပင်ကျင်းပရသည့် လက်ထက်ပွဲသည် အတိုင်းမသိပျော်ရွှင်ကောင်းပျော်ရွှင်နိုင်သည်။ Jeonအတွက် စိတ်ဆန္ဒတို့မပါသည့် ဤမင်္ဂလာပွဲသည် စဉ်းစားထားသည်ထက် အဆပေါင်းများစွာပင်ပန်းလွန်းသည်။ မနက်ကတည်းက ဆာလောင်နေသည့်ဗိုက်ကို ဥပေက္ခာပြုကာ ပွဲပြီးသည်အထိစောင့်ဆိုင်းခဲ့သည်။
မြင်တောင်မမြင်ဖူးသည့်မျက်နှာစိမ်းတို့ကို စိတ်မပါဘဲ လိုက်လံနှုတိဆက်နေရသည်ကလည်း အားအင်တို့ လျော့အောင်ပြုလုပ်နိုင်သည်အထိ လုံလောက်ပါသည်။
အင်းဒီအချိန်ဆို သူSkateစီးပြီး မြို့တစ်ပတ်ပင်ပတ်နေလောက်ပြီ။
နာရီလက်တံ၏ တရွေ့ရွေ့ ရွေ့လျားမှုနှင့်အတူ Jeon၏ စိတ်အလိုမကျမှုများမှာလည်း ဂယောက်ဂယက်။
ဘေးနားက ပါးချိုင့်နက်နက်နှင့်လူ ကိုကြည့်ပြန်တော့လည်း မပင်မပန်းနှင့် ပွဲထဲက လူတကာမလွတ်ရလေအောင် နှုတ်ဆက်နေသေးသည်။ မူပိုင်ပါးချိုင့် နက်နက်တို့သည်လည်းမပါမဖြစ်။
JK:"ကျွန်တော်တို့ ဘယ်အချိန်နားရမှာလဲ?
အခုချိန်လောက်ဆိုပြီးသင့်ပြီ မဟုတ်လား?"NJ:"အင်း ကိုယ်တို့ ပြီးခါနီးပါပြီ။ ဘာလဲ ပင်ပန်းနေပြီလား။"
JK:"ဟုတ်တယ် ပင်ပန်းတယ်ဆိုတာထက် စိတ်မွန်းကြပ်တယ်။ကျွန်တော် လူအများကြီးနဲ့ စကားပြောရတာ အတူတူရှိနေရတာ မကြိုက်ဘူး။ ဥပမာ အခုလိုအခြေအနေမျိုးပေါ့"
NJ:"ကိုယ်သိပြီ အကယ်လို့မင်းနားချင်ရင် ဝတ်လဲခန်းထဲမှာ ခနသွားနားနေလို့လည်း ရတယ်။ ကိုယ် ဧည့်သည် နှစ်ယောက်သုံးယောက်လောက်နဲ့ စကားပြောပြီး လာခေါ်ပေးမယ်"
JK:"ကျွန်တော် အနားယူတာကို အဲ့လိုခွဲပြီးအနားမယူချင်ဘူး ဇိမ်ပျက်လို့။ ဧည့်သည်မကျန်တော့ဘူးဆိုလည်း ကျွန်တော်စောင့်ပေးပါ့မယ်။ ပြီးမှတစ်ခါတည်း သွားကြတာပေါ့"
YOU ARE READING
Mr. professor and His nuisance Skater boy
FanfictionUnicode "ဒီမှာ ပေါက်စ ကိုယ်တို့ကတရားဝင်လက်ထက်ထားတာနော် အဲ့တာကြောင့်အနည်းဆုံးတော့ ကိုယ့်စကားကိုနားထောင်သင့်တယ်မလား။" __Kim Namjoon__ "ဘယ်လိုဘဲလက်ထက်ထားတယ်ဘဲပြောပြော ကျွန်တော့်ဝါသနာမပိတ်ပင်သင့်ဘူးထင်တယ် ။လက်ထက်ခါနီးမှတွေ့ဖူးခဲ့ကြတဲ့လူတွေဘဲမလား။ပြီးတော...