Part-6

320 44 19
                                    

Unicode

အိမ်ရောက်ကတည်းက အိမ်ကြမ်းပြင်
ပေါ်ခြေမချရသေးတဲ့ Jeonရယ်ပါ။
Seokjin Hyung အိမ်လိုက်ပို့ပြီးကားပေါ်ကဆင်းပါပြီ ဆိုကတည်းက သူ့အားချီပြီး အိမ်အပေါ်ထပ်က အခန်းထဲထိလိုက်ပို့ပေးခဲ့သည်လေ။

နမ်ဂျွန်းတစ်‌ေယာက် Jeonအတွက်နေလည်စာကိုလည်း အိပ်ခန်းထဲထိ သွားပို့ပေးပြီး ဆေးကိုလည်းသေချာတိုက်ပေးသည်။

NJ:"အဆင်ပြေလား ချာတိတ် ဘာစားချင်သေးလဲ အချိုတစ်ခုခုစားချင်လား?"

JK:"ရပြီ ကျွန်တော် ဗိုက်ပြည့်နေပြီ။ ထပ်မစားနိုင်တော့ဘူး"

NJ:"အင်း ဒါဆို ခနလောက်မှေးနေလိုက်ပါ့လား။ ကိုယ်ပန်းကန်လေးတွေသွားထားလိုက်ဦးမယ်"

Jk:"ဒါ...ဒါနဲ့ Hyung ကျွန်တော့် Skate လေးရော?"

NJ:"ချာတိတ် Skate ကို နောက်တစ်ခေါက်သွားရှာဖို့ Seokjin Hyungကို လွှတ်လိုက်ပေမယ့် အဲ့နေရာမှာ မရှိတော့ဘူးတဲ့။ ဒါပေမယ့်အဲ့အနီးနားကို လိုက်ရှာကြည့်တော့ ‌သန့်ရှင်းရေးဦးလေးကြီးတစ်ယောက်က ကျိုးနေတဲ့ Skate တော့တွေ့တယ်ဆိုပြီးပြမှ ချာတိတ် Skate ဖြစ်နေတာ။ ကြည့်ရတာ အရှိန်နဲ့လဲကျသွားတုန်းက ရထားလမ်းကြောင်းထဲ ချှောသွားတယ်နဲ့တူတယ်"

JK:"ဒါဆို ကျိုးသွားပြီပေါ့။ ကျွန်တော်အဲ့ဒါလေးကိုစီးလာတာ တော်တော်ကြာနေပြီ။ ကျိုးသွားတယ်ဆိုတော့လည်း.........."

NJ:"ကဲပါ ချာတိတ် ခြေထောက်ပြန်ကောင်းသွားရင် ကိုယ်နဲ့ အတူတူ အသစ်တစ်ခုသွားဝယ်ကြတာပေါ့"

JK:"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

NJ:"ရပါတယ် အခုတော့သက်တောင့် သက်သာနားလိုက်ဦးနော်"

JK:"ဟုတ်"

_______________________

ကြီးငွေအား  ချာတိတ်ကြိုက်လောက်မည့် ဟင်းတို့ကို ပြင်ဆင်ထားရန်လည်း မှာထားရသေးသည်။ ဒီကောင်လေးက အစားအသောက် သိပ်ရွေးတတ်တာကြောင့် ကြီးငွေအားသေချာပြင်ဆင်ခိုင်းရသည်။  ကျောင်းနေ့လည်နားချိန်တိုင်း နေ့လည်စာမစားဘဲ ကော်ဖီတွေသာသောက်တတ်သော ထိုကောင်လေးကြောင့်  Appa တို့ဆီ အကူရှာပေးဖို့ အကူအညီ တောင်းခဲ့ရခြင်းဖြစ်သည်။ နောက်နေ့‌တွေတိုင်းလည်း ထိုကောင်လေးဖို့ ထမင်းဘူးထုတ်ပေးဖို့လည်း မှာရမည်။ အစားရွေးလွန်းသည့် ချာတိတ်ဖို့ ကျောင်းက meal တွေသည် ခံတ‌ွင်းတိုးမည်မဟုတ်‌ေလ။

Mr. professor and His nuisance Skater boyWhere stories live. Discover now