Part-7

297 42 23
                                    

Unicode

နေ့လည်စာ နားချိန်ဖြစ်တာကြောင့် Jeon တစ်ယောက် Canteen ဘက်သို့ ခြေဦးလှည့်ရဦးမည်။  အသားမကျသေးသည့် ချိုင်းထောက်ကြောင့် သွားရလာရသည်မှာတော့ သိပ်အဆင်ပြေမနေ။

Canteen မသွားခင် Toilet ဝင်ချင်တာကြောင့် တခါတည်း အပြီးအစီးလုပ်ပြီး Toilet ကအထွက်လူတစ်ယောက်နှင့်တိုက်မိတာကြောင့် အနောက်သို့ယိုင်လဲတော့မလို။ တော်သေးသည် တိုက်မိသည့်သူက လက်ကိုဆွဲပေးထားသေးလို့။

??:" တောင်းပန်တယ်နော် အကိုအလျင်လိုသွားလို့"

JK:"ရပါတယ် နောက်တစ်ခါတော့ သတိထားပေါ့ဗျာ ဒါဆိုခွင့်ပြုပါဦး"

??:"ခဏ ခဏ လေးနေပါဦး။ ညီက Jeon Jungkook မလား ပထမနှစ် စီးပွားရေး မေဂျာက?"

JK:"ဟုတ်ပါတယ် ကျွန်တော်က Jeon Jungkookပါ။ ကျွန်တော့်ကိုသိနေတာလား?"

??:"နောက်ဆုံးတော့တွေ့ရပြီဘဲ။ မင်္ဂလာပါ အကိုက တတိယနှစ် အနုပညာမေဂျာက Jung Hoseok ပါ။ တွေ့ရတာဝမ်းသာပါတယ်"

လက်တစ်ဖက်ကို ကမ်းပြီး နှုတ်ဆက်စကားဆိုနေသော ထိုသူသည် မျောက်အုန်းသီးရသလို ပြုံးဖြီးနေသည်မှာ သွား သုံးဆယ့်နှစ်ချောင်းအပေါ်လွန်ပြီး အအေးပတ်သွားမည်အလား။

Jk: " Nae, ဒါဆို ကျွန်တော်သွားပါဦးမယ်"

HS:"ဟင် နည်းနည်းလေးဖြစ်ဖြစ် ပြန်မိတ်ဆက်သွားပါဦးလား ညီရယ်"

JK:"အကိုသိပြီးနေလို့ဘဲ ကျွန်တော့်ကို လာမိတ်ဆက်တာမဟုတ်ဘူးလား"

HS:"ဟာ  ညီကလည်း ကိုယ့်ထက်အကြီးက မိတ်ဆက်နေရင်တော့ ယဉ်ကျေးသမှုနဲ့ ပြန်ပြီး မိတ်ဆက်ရမယ်မလား။ အဲ့လိုမဟုတ်ရင် ညီက လူမှူရေး မရှိတဲ့သူဖြစ်သွားမှာနော်"

JK:"ဟုတ် သွားပြီဗျ။ ကောင်းကောင်းနေရစ်ခဲ့ပါနော်"

Jeon Canteen ဘက်ကို တဖန်ခြေဦးလှည့်ခဲ့သည်။ သို့ပေမယ့် အနောက်က လိုက်လာသည့် Hoseok ကိုတော့သတိမပြုခဲ့မိ"

Canteen က နေ့လည်စာကိုယူရန် အစားအသောက်အတန်းဘက်ကိုသွားရင်း သတိရလာသည်က သူက အခုချိုင်းထောက်အကူနှင့်လမ်းလျှောက်နေရသည်ကို

Mr. professor and His nuisance Skater boyWo Geschichten leben. Entdecke jetzt