I'll be yours
"အမှန်တရားကိုရရင်ရ
ပြန်မရရင်အဆုံးထိသွားမှာပါ"ကြားလိုက်သည့်အခါတိုင်း သွေးများတစ်ဗွက်ဗွက်ဆူပွတ်လာပီး မျိုးချစ်စိတ်များ ပေါ်ပေါက်လာမည့် သီဆိုသံများ။
"မီ ဘာလုပ်နေတာလည်း ရပ်မနေနဲ့ သွားမယ်လေ"
"အင်း မနေ့ညက ကောင်းကောင်းအိပ်မပျော်လို့ ဇင်ရာ ငါ့မှာလည်းကြောင်တောင်တောင်နဲ့ပါ"အသဲကွဲနေတဲ့ ၁၈နှစ်အရွယ် လူကြီးပေါက်စလေးအဖြစ် အမှတ်ထင်ရနေမည့် နွေဦးတော်လှန်ရေး။ဘာတွေဘယ်လိုကြောင့်လည်းမသိပေမဲ့ နှလုံးသားရေးရာဌာနမှာ စိတ်မဝင်စားနိုင်တော့ပဲ ပြတ်ဆဲသွားသည့် ၂နှစ်တာကာလဆက်ဆံရေး တစ်ခုဖြစ်ခဲ့သည်။အနိုင့်ကျင့်ခံရသည်
ထက် ပိုပီးခံပြင်းသွားတဲ့ နိုင်ငံတော် အာဏာသိမ်းခြင်းအောက်မှာ မေးမှိန်သွားတော့မည့်အနာဂတ်၊လူငယ်တစ်ယောက်ရဲ့ပျော်ရွှင်မှု၊ဒီမိုကရေစီနိုင်ငံတော်ရဲ့ ပြည်သူတိုင်းရသင့်သည့်အခွင့်အရေး၊စစ်ဖိနပ်အောက်မှ အကြောက်တရားများ၊သရေကွင်းဥပဒေ အစရှိသဖြင့် ပျောက်ဆုံးသွားတဲ့freedom ကို သူကျွန်မခံစိတ်ဖြင့်တော်လှန်မိနေတုန်းမှာ တည်ဆောက်ခဲ့သည်းဆက်ဆံရေးအား လက်လွတ်ခဲ့သည်။"ဖောင်း ဖောင်း ဖောင်း"
"ပြေးဟေ့ပြေး "
"ဝပ်ပြေးကြ ဝပ်ပြေးကြ"ရိပ်ရိပ်သာမြင်ရသည်းလူရိပ်ကြား အမှတ်မထင် တစ်ရွတ်တိုက်ပြေးခဲ့ရသည့် အချိန်။လဲနေသည့် ကလေးတစ်ယောက်အား ကူညီပေးနေသည့်လူငယ်လေးတစ်ယောက်အား ဖောက်ထွက်သွားသည်း မာကြောရှိန်မြန်သည့်အရာတစ်ခု၊သွေးဗွက်အိုင်များ ၊ငိုကြွေးနေသည့် မျက်ရည်စက်များ၊ စစ်ဖိနပ်ဖြင့် လဲနေသည့်လူငယ်လေးခေါင်းအား ဖိနိုပ်နေပုံ။ ကိုယ့်အသက်အားဖက်ဖြငိ့ထုပ်ရမည့်အချိန်တွင် လက်ရှိကာလနဲ့ အဆက်အသွယ်ပျက်ကာ ကြောင်၍ ရပ်နေသောမိမိသည် ရွေ့ရှားမှုနဲ့အတူတည်ရှိသောကြောင့် အသိစိတ်ပြန်ဝင်လာသည်။
"ဟေ့မင်းသေချင်နေပီလားကွ"
"ဗျာ "
"လမ်းကိုသေချာကြည့် ခလုတ်တိုက်မိမယ်"
"ဟုတ်ကဲ့"သွေးရောင်စွန်းနေသော duty coat လေးကိုဝတ်ဆင်ထားပီး ဆံပင်ဖရိုဖရဲဖြစ်ကာ ဝိုင်းစက်နေသောမျက်ဝန်လေးမှာ ကိုယ့်အပေါ်ကိုစိုးရိမ်ပူပန်နေသည့်အရိပ်အရောင်။သေချာကြည့်မိလိုက်တော့ ကိုယ့်ရဲ့ ပုခုံးသာသာလောက်သာအရပ်ရှိသည့် မိန်းခလေးတစ်ယောက်။ဘယ်လိုအားမျိုးနဲ့ကိုယ့်ကိုသူဆွဲခေါ်သွားနိုင်ပါလိမ့် ....။သို့ပေသီ ကိုယ့်ခြေထောက်နှစ်ချောင်းကပင်လျှင် သူနောက်ကိုထပ်ကြပ်မကွာလိုက်နေမိသည်မှာ မလွဲမသွေပင်။