Part(5)

322 25 3
                                    

I'll be yours
"တီတီတီတီ......."
နိုးစက်သံနဲ့အတူနိုးထလာသည့်
နွေဦးမနက်ခင်း ။အတွေးများနှင့်ညည့်နက်သွားသောကြောင့် ပုံမှန်ထက်စောထ၍ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ရန် နိုးစက်ပေး အိပ်ခဲ့သည်။ အိပ်ချိန် ၈နာရီထိမပြည့်ဝသော်လည်း စိတ်ကြည့်လင် လန်းဆန်းနေသည်မှာ အမှန်ပင်။ရေပိုက်ခေါင်းမှ ထွက်လာသောရေများသည် လှောင်ရေကန်မှကျလာသော်လည်း အေးနေသည်ဟုမထင်။ TONYMOLY 24k Golden မျက်နှာသစ်ဆေးမှာ ခါးတိုင်းထက်ပို၍ ဝင်းလက်နေသည်ဟု ထင်ရ၍ LUX orchid ခရမ်းရောင်၏အနံ့မှာ ပို၍ ဆွဲမက်ဖွယ်ရာကောင်းလှသည်။Shampoo နံ့လေးမှာလည်း dryerမှထွက်သောလေနဲ့အတူ တစ်ခန်းလုံးသင်းပျံ့၍နေလေသည်။
"မနက်ခင်းလေးမှာ နိုးလာခဲ့🎶🎶
အရင်ဆုံးမင်းကို လွမ်းပါတယ်......ဒါဒါဒါဒါဒါ"
တွေ့မိရာရာ သီချင်းသာ ဆိုမိသော်လည်း ထပ်ပီး သူမအကြောင်းပင်။.
"Tin Tin Tin"
Message ringtone သံ။
"Medical bag တွေက နင်စီမှာလား"
"အလုံး၂၀နော် သေချာစစ်ခဲ့အုန်း"
"လိုအပ်နိုင်တာတွေတော့
ဆရာဇော်တို့စုထားတယ်တဲ့"
"ငါတို့ထွက်လာပီ နင်နိုးပီလား"
"မနိုးသေးရင်ထတော့နော် မြန်မြန်
အခြားဆရာဝန်တွေကောပါလို့ စောင့်နေရရင် အားနားစရာကြီး"
ဇင်သူထံမှ off line message များ၅စောင်
ကြလာခြင်းပင်။
" ဟ အထင်သေးလှချီလား နင့်ဆရာက ပြင်လို့ဆင်လို့တောင် ပီးပီဗျ"
"ငါစစ်ထားပါတယ်
ကားထဲလည်းထည့်ထားပီးသား"
မနက်၈နာရီရှိပီ။ချိန်းထားသည့်နေရာမှာ ၁၅မိနစ်သာမောင်းရမည် မနက်စာကို ဟိုမှ အဆင်ပြေသလိုစားရမှာပင်။အောက်ထပ်တွင် အဒေါ်အပျိုကြီး စတင်၍ပဌန်းရွက်နေလေပီ။ဘွားဘွား၏အသံတော့မကြား တရာထိုင်နေလောက်သည်။သည်အချိန်တွင်အမြန်ဆုံး လှစ်ထွက်ခြင်းမှာ နားအပူအသက်သာဆုံး
ဖြစ်သည်။မသွားခင်မှန် တစ်ခေါက်လောက်အစအဆုံးကြည့်ရအုန်းမည်။အသားရောင် T shirt လက်ရှည်နဲ့ ခရမ်းဖျော့ရောင် pant လေးကိုခါးထိုး၍ဝတ်ထားပီး nice ari shoeအဖြူရောင် လေးကိုဝတ်ဆင်ထားသည်။
"Your are so fine မီ
ဒါကဆရာဝန်မလေး ရီးစားဖြစ်မဲ့ရုပ်ကွ"
ကြွေးကြော်သံ။ကြွေးကြော်သံတစ်ခုထက်ပိုမလားဆိုသည်မှာတော့ ရှေ့ဆက်မိမိအပေါ်မှာပင်မူတည်မည်။မှန်ထဲတွင် ကိုယ့်ကိုကိုယ်ပြုံးပြမိသည်။
"တော်တော်ချောတဲ့ငါ"
ကိုယ်တိုင်မှတ်ချက်ပေးကာ ကျေနပ်သွားသည့်အခါတွင်မှ မှန်ရှေ့မှထွက်ခွါ၍ တွေ့ဆုံမည့်အရပ်ကိုထွက်ခဲ့သည်။ သူမများကြိုရောက်နေမလား၊နောက်မှရောက်မှာလား ၊ ဘာလေးဝတ်လာမှာလည်း ၊ ဘယ်လောက်ထိလှနေမှာလည်း အတွေးပေါင်းစုံတွက်အဖြေမရှိ သို့သော် မကြာခင်တွင်အဲအဖြေများကိုသိရတော့မည်။
၈:၂၅
ဟူးးးရောက်ပီ လူစုရာတိုက်ခန်းမှာ ၃လွှာတွင် လက်ဖျားများအေးစက်နေသည်မှာ ကားairconကြောင့်လား၊ရာသီဥတုကြောင့်လား မဖြစ်နိုင်ပေမဲ့ ကြိုးစားဖြေသိမ့်မိသည်။အပြင််တွင် အစွမ်းကုန်ပူလောင်နေသောနေမှာ ကားတံခါးဖွင့်လိုက်သိနှင့်ပင် လှိုက်ကနဲ ခံစားရသည်။၃လွှာကို အပြေးလေးပင်တက်ခဲ့သည် သို့မှသာ မရိုးမရွခံစားချက်ကို ဖြေသိမ်နိုင်လိမ့်မည်။

I'll be yours Where stories live. Discover now