Part(2)
"Ring...Ring...Ring"
"အေး မီ ဘယ်မှာလည်း နင့်ကိုစိတ်ပူလိုက်ရတာဟာ သေနာမလေး ဖမ်းခံထိပီ ထင်နေတာဟ
ငါ့မှာတုန်နေတာပဲ နင်ပျောက်သွားလို့ "
" မိဇင် နင်သေချာနားထောင်နော်"
"အေး .အေးပြော မီ "
"ငါဖမ်းခံထိသွားပီ ဟ"
"ဟယ်!
အေးအေး နင်အဆင်ပြေမှာပါ ဘာမှမဖြစ်ဘူး
နင့်ဦလေးကလည်း အကြီးပိုင်းထဲကမလား
ငါနင့်အိမ်ကိုဆက်သွယ်ပီး
လာထုတ်ပေးမယ်နော် ခဏပဲစောင့်
နင်ထိခိုက်သေးလား
ဘယ်လောက်တောင်းလည်း ဟာ...ဘယ်လောက်တောင်းတောင်းပေါ့ နင်အိမ်ကလည်းထုတ်ပေးမှာပါ ရပါတယ်
အဆင်ပြေရဲ့လား အခုကော ဘယ်လိုဆက်သွယ်တာလည်း မီ"
" ခဏလေး ငါပြောတာနားထောင်ပါအုန်း
မေးခွန်းတွေက များလိုက်တာဟာ ငါ့မှာ
ဖြေနိုင်တဲ့အထိ အားမရှိဘူး ငဇင်ရာ"
"ဟဲ့ နင့်ကိုနိပ်စက်ထားသေးလား မီ !
ဘယ်လို လူမျိုးက နင့်ကိုထိရဲတာလည်း
နင်သေချာမှတ်ထားနော် မီ အဲထိတဲ့သူကို
အလုပ်ဖြုတ်ပစ်ခိုင်းမယ် နင့်ဦးမျိုးကိုပြန်
တိုင်ပစ်မယ်"
"ငါလေ...."
"အေးပြော"
"ဆရာဝန်မလေးတစ်ယောက် ညို့မျက်ဝန်းလေးအောက်မှာ ရုန်းထွက်လို့မရအောင်ပိတ်မိနေတာ ။ ငါ အိမ်ပြန်ရောက်ပီ ငဇင် ဒါပေမဲ့...
အခုချိန်ထိ ငါ့မြင်ကွင်းထဲမှာ ငါ့ကိုစိုးရိမ်စိတ်နဲ့ကြည့်နေတဲ့ သူ့မျက်ဝန်းလေးကို မြင်နေရတုန်းပဲ"
"မီ နင်သေလိုက်တော့ဟာ တကယ်သေသင့်
တာ"
"နွေးထွေးတဲ့အရိပ်အယောင်ကြောင့်ပဲလား
ကြင်နာတဲ့ထိတွေ့မှုကြောင့်ပဲလားမသိပေမဲ့
ငါ စွဲလမ်းနေမိတယ်ဟ"
"စိတ်ထိန်း စိတ်ထိန်း တိုင်ရေးပြည်ရေးမှမကောင်းပါဘူးဆို နင်ကအသဲကွဲလိုက် အချစ်ကိုရှာတွေ့လိုက်နဲ့ ဒလန်မပဲ မီ နင်ကဒလန်"
" အေး အချစ်ဒလန်လေး မီ ပါဟာ ဟိဟိ"
"တော်ပီ ဟာ ဖုန်းချလိုက်တော့မယ် ငါတို့အိမ်ပြန်လိုက်အုန်းမယ် ငါ့ကောင်လေးနဲ့ငါက နင်ကိုရှာမတွေ့သေးလို့ စောင့်နေကြတာ "
"အေးအေး bye"
ဟူးးး အိုက်စက်လိုက်တဲ့နွေ ပူလှောင်လှတဲ့နွေ။
သွေးစွန်းနေတဲ့ သစ်ရွက်ခြောက်လေးတွေ၊လူမစုံတော့မည့်ထမင်းဝိုင်းလေးတွေ၊အဖေရေခေါ်သံမဲ့သွာရမည့် မိသားစုလေးတွေ၊သားသမီးတွေကို အားထားမှုပျောက်တော့မဲ့ မိဘတွေ၊မစုံလင်တော့တဲ့ ကိုယ်လက်အင်္ဂါလေးတွေတွေ။
ကဲပါ..ကဲပါ ဘယ်လိုနတ်ဘုရားတွေက ဆောင်မပေးမလည်းမသိပေမဲ့ အရင်ဆုံးအိပ်စက်အနားယူခြင်းကပဲ အကောင်းဆုံးဖြစ်မှာပါ။