Part(3)

361 18 1
                                    


ဒေါက်တာလွှမ်းသာ((M.B.B.S)
ဆေးခန်းဖွင့်ချိန်
မနက် ၈နာရီ မှ ၁၀နာရီ
ညနေ ၃နာရီ မှ ၆နာရီ
တနင်္ဂနွေနေ့တိုင်းဆေးခန်းပိတ်သည်။

"ပွမ် ပွမ်"
" ဟေ့ သင်းအိရေ ခဏစောင့်ဖို့ ကိုထက်သာကိုပြောပေးစမ်းပါကွာ တို့ လူနာတွေကြည့်လို့မပီးသေးဘူး ဒါနောက်ဆုံးတစ်ယောက်ပဲလို့ ပြောလိုက်ပါ"
"ဟုတ်ကဲ့ ဒေါက်တာ"

ကိုကို စိတ်ဆိုးနေမည်မှာ အမှန်ပင်။ဆေးခန်းမှာ ၁၀နာရီအထိသာ အထိုင်ကြည့်ပေးသည့်ဟု ဆိုင်းဘုတ်တပ်ထားသော်လည်း ၁၁ခွဲသည်ကိုပင် လူနာ မပြတ်နိုင်သေး။ဆေးကုရာတွင်ဝါသနာထုံသည့်အပြင် CDM(Civil Disobedience Movement)တွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည့်အတွက်ကြောင့် ဆေးရုံမှလူနာများကို ဆေးခန်းတွင် ရက်ချိန်းထား၍ စစ်ဆေးပေးနေရသည်။သနားသည့်စိတ်က ရှေ့တန်းပြေးနေသည့်အတွက်ကြောင့် တစ်ချို့လများတွင် ဝင်ငွေထက် ထွက်ငွေကပို၍ပင်များနေတက်သည်။'ချစ်အဲလိုသာ ကျပ်ကျပ်လုပ် မွဲမှာပဲ' ဟု ကိုကို အမြဲပြောနေသည့်တိုင် အမှန်တကယ်မှာကိုကိုပင် မတက်သာ၍ လွတ်ထားပေးရခြင်းဖြစ်သည်။၃နှစ်နီးပါးနားလည်မှုရှိရှိ တွဲလာခဲ့သည်အထိကိုကိုမှာ မြတ်ကို သူလိုချင်သည့်ပုံသွင်းမရဘူး ဟူ၍ပင် ဆူငေါက်တက်စမြဲ။စစ်မှုထမ်းဟောင်း၏သားဖြစ်သည့်အပြင် ဆရာဝန်ဘွဲ့ရသောကြောင့် ငွေဂုဏ် ပညာဂုဏ်သိပ်မောက်သည့် ကိုကိုမှာ ဆေးခန်းထိုင်၍ ပင်ပင်ပန်းပန်းမလုပ်ရန် အမြဲနားချနေသော်လည်း ချစ်သူ၏ ခေါင်းမာတက်မှုကို ကိုကို နိုင်အောင် မထိန်းချုပ်နိုင်။

"ဦးမာန်အောင် အထဲကိုဝင်လို့ရပါပီ လူနာစောင့်တစ်ယောက်နဲ့အတူဝင်လို့ရပါတယ်"

Nurse ၏အော်သံနှင့်အတူ ဆေးစစ်ခန်းထဲကိုဝင်လာသည့် အသက်၆၀အရွယ် လူနာမှာ ချောင်းသံ တဟွတ်ဟွတ်ဖြင့် လဲပြိုတော့မည့်
အတိုင်း ခြေလှမ်း ခပ်စိတ်စိတ်ဖြင့် ဘေးမှ သမီးဟုထင်ရသော အသက်၄၀ကျော် အမျိုးသမီးအပေါ်မှီခို လျှောက်ကာ ရောက်ရှိလာ
သည်။

"အဘ ဒီမှာထိုင်ပါရှင့်
သင်းအိ တို့ကို ဆေးစာအုပ်လေးပေးပါအုန်း"
အပေါ်သွေး 120အောက်သွေး79
အောက်စီဂျင် 78 နှလုံးခုံနှုန်း61
"ဘာဖြစ်တာလည်းပြောပြပေးနော် အဘ"
မေးသာမေးရသည် ပါးစပ်ဟဖို့ကိုအနိုင်နိုင်ဖြစ်နေသော အဘမှာ အသက်ရှုလိုက်တိုင်း ဖောင်လိုက်ပိန်လိုက်ဖြစ်နေသောအရိုးပြိုင်းပြိုင်းကို
အဖြူရောင်စွပ်ကျပ်အောက်မှာ အထင်းသား
မြင်တွေ့နေရသည်။အရိုးပြိုင်းပြိုင်းထနေသော ခန္ဓာကိုယ် နှင့် အသားအရေခပ်လက်လက် ရှိသောအဘတွင် ညိုမဲနေသော နှုတ်ခမ်းသားမှာ
ထင်း၍ပင်နေသည်။
"အဖေ က ချောင်းအဆက်မပျက်ဆိုးနေတာ ၁လလောက်ရှိပီ ဒေါက်တာ အခုနောက်ပိုင်းသွေးတွေပါ လာတယ်။တစ်ခုခုဆို အရမ်းမောတယ်လို့ပြောပြော နေတယ်။ရင်ဘက်တွေလည်းအောင့်တယ်တဲ့။မြန်မာဆေးတွေနဲ့ကုနေတာတော့ရှိတယ် အခုမသက်သာတော့လို့ ဆေးခန်းလာပြတော့တာ။ခါတိုင်းလည်းချောင်းဆိုးနေကြပါဆရာမရယ် နဂါးနီလျှက်ဆေး ကို
ကွမ်းရွက်နဲ့ထည့်ဝါးလိုက်ရင်
ပျောက်ခဲ့တာပဲ။ နောက်ပီး အဖေက ကျောရိုးတွေညောင်းတယ်လို့ခဏခဏညည်းတယ်။အခုနောက်ပိုင်းညောင်းတဲ့အပြင်နာနေတယ်တဲ့"
"ဆေးလိပ် သောက်မယ်ထင်တယ်အဘက"
"အရမ်းသောက်တယ် ဒေါက်တာ အလုပ်ကြမ်းလုပ်ခဲ့ရဆာဆိုတော့ မောလို့ဖွာရင်း ဖွာလို့မောရင်း တွေဖြစ်လာတာပါပဲ ဒေါက်တာရယ်"
"တစ်နေ့ကို ဘယ်လောက်ထိသောက်လည်း အခုထိပဲလား"
"တစ်နေ့ကို ၁၀လိပ်လောက်ဖွာတယ် ခံတွင်းလေးချဉ်လို့ဖွာလိုက် အားမရလို့ဆက်ဖွာလိုက် အိပ်မပျော်လို့ဖွာလိုက် အမျိုးမျိုးပဲဒေါက်တာ ကျန်းမရေ အသိနည်းခဲ့မိတော့ အခုမှဖြတ်ဖို့ခက်တာပဲ"
ဆေးလိပ်ရဲ့ဆိုးကျိုးတွေ ခံစားရသည်ပင်။အဆုတ်ကင်ဆာ(Primary Lung Cancer)လက္ခာအဖြစ် ချောင်းကြာရှည်စွာဆိုးခြင်း၊နာကျင်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊သာမန်အလုပ်များတွင် မောပန်းခြင်း၊ ကိုယ်အလေးချိန်သိသာစွာကျခြင်း ၊အသံပြောင်းခြင်း၊ရင်ဘတ်အောင့်ခြင်း အဆိုးဆုံးအဆင့်တွင် အရိုးများနှာကျင့်မှု တို့ပင်ဖြစ်ပေါ်တက်သည်။WHO(World Health Organization)မှ ကမ္ဘာပေါ်တွက် ဒုတိယအဖြစ်အများဆုံး ရောဂါအဖြစ်သတ်မှတ်ထား​၍ အန္တရာယ်ရှိသော ဆဲလ်ကွဲပွါးမှု ကြောင့် အဆုတ်တွင် အကျိတ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
"မမနဲ့ နှစ်ယောက်ထဲစကားပြောချင်လို့ ဒီဘက်အခန်းကို လာခဲ့ပါ့လာ"
ဆရာဝန်တစ်ယောက်မှာ လူနာ၏စိတ်အခြေအနေကိုပါခန့်မှန်းရသည်။လူနာသည် ရလဒ်ကို နားထောင်နိုင်စွမ်းမရှိလျှင် အချိန်မရွေးသေသွားနိုင်လျှင်တောင် သက်သာလာမှာပါဟု အားပေးစကားပြောရမြဲပင်။
"ဓာတ်မှန်ရိုက်ရမယ် မမရေ ဒေါက်တာ စီမှာတော့ရိုက်မရသေးဘူးအထွေထွေပါမောက္ခနဲ့ပြရင် ပိုကောင်းတယ် ရလဒ်ပိုတိကျနိုင်တယ် ဒါမှ အနာနဲ့ဆေးတိုးမှာမလို့ ဒေါက်တာညွှန်ပေးလိုက်မယ် ဖုန်းကော ကြိုဆက်ထားပေးမယ်
ဆီးကော၊သွေးကော စစ်ရမယ် လိုအပ်ရင် အသားစပါထုတ်စစ်ရမယ် နောက်ပီး"
"ခဏလေးပါ ဒေါက်တာ ! ကုန်ကျစရိတ်က ဘယ်လောက်ထိဖြစ်နိုင်မလည်း........ပြောရရင် ထမင်းတောင် နပ်မှန်အောင်စားဖို့ခဲရင်းနေတဲ့အချိန်မလို့ မတက်နိုင်ဘူးဒေါက်တာ"

I'll be yours Место, где живут истории. Откройте их для себя