I'll be yours
ပတ်သက်ခဲ့သမျှ အချိန်အားလုံးနှင့် ပေးဆပ်ခဲ့မျှ အချစ်များအကုန်လုံးကို ရွံ့ရှာမိသည့်စိတ်ကို ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်ဟု သတ်မှတ်၍ ခံစားမိလိုက်သည်။"မိန်းခလေးတစ်ယောက်ဖြစ်ပီး ဟိုယောက်ကျားလည်း အရောတဝင်စကားပြောလိုက် ဒီကောင်လေးလည်း ဂရုဏာ သဒ္ဒါတရားပွါးများလိုက်နဲ့ ချစ် မင်းမရှက်ပေမဲ့ ကိုကိုရှက်တယ်"
ခက်အက်အက် အသံနှင့် နှုတ်ခမ်းတစ်စုံလုံးအား မဲ့ရွဲ့၍ ခြောက်ကပ်ကပ် ရယ်လိုက်မိသည်။
"သူခိုးက လူပြန်ဟစ်တယ်ဆိုတဲ့စကားက ရှင်နဲ့သိပ်လိုက်ဖက်တာပဲ ကိုထက်သာ"
"မင်းမိန်းခလေး ဆိုတာ မင်းရဲ့ စိတ်နှလုံးသွင်းထား အလကား ပိုက်ဆံမရပဲဆေးကုပေးမဲ့အစား ကိုယ့် ဒယ်ဒီ မျက်နှာနဲ့ သွင်းပေးတဲ့ ဆေးရုံမှာ အလုပ်လုပ်ရင် အခုချိန်ဆို foreign bachelor အတွက် ကျောင်းတက်ဖို့ ကိုကိုတို့နှစ်ယောက် စိတ်ပူစရာမလိုတော့ဘူး ............
မင်းသိပါတယ် အဲကျရင် ကိုကိုတို့နှစ်ယောက်အတူနေရမယ်လေ ချစ်ရယ် ကိုကို့စကားကိုနားထောင်ပါတော့နော် ကိုကိုစိတ်မဆိုးတော့ဘူး
ကိုကို passport လျှောက်ထားတယ် မနက်ဖြန် ချစ်passport ပါ ထပ်လျှောက်ပေးမယ် LAမှာ ဒယ်ဒီအမျိုးတွေရှိတယ် အဲမှာပဲကိုကိုတို့အခြေချပီး နေသွားရအောင်လေ ချစ်ပြောဖူးတယ်လေ LAမှာ နေချင်တယ်ဆို အဲကျရင် ချစ်သဘောကျတဲ့ Justin Bieber concert တွေကို ကိုကို နဲ့အတူတူ သွားကြည့်မယ်လေ သူရဲ့ world tours တွေအလိုက် ကို ကိုကို လိုက်ပြပေးမယ်"ဂုဏ်ပကာသနများ၊အဆင့်အတန်း ကွဲပြားလှသော လူနေမှုစရိုက်များ၊ပို၍စိုပြေလာမည့် မိမိ အနာဂတ် ဘာမှ ပူပင်စရာမရှိလှသည့် ဘဝက မက်မောစရာကောင်းလှလွန်းသည်။သို့သော် အရေးကြီးလျှင် သွေးစည်းသည့် ဝံသာနုစိတ်ဓာတ်ပင်လားမသိ ထို သေချာလှသောအနာဂတ်ထက် မြန်မာပြည်ကြီးနှင့် သူ၏ဒုက္ခများကို ပိုချစ်လှသည်။
"တော်ပါပီရှင် ရှင့်ရဲ့ ရွှေဇွန်းကိုက်မဲ့ ဘဝကို ကျွန်မ ရွံ့ရှာလှပါတယ်"
"ချစ် ဒါဘာစကားပြောတာလည်း ! မင်းစော်ကားလှချီပဲ ငါမင်းဘဝကိုစွန်းထင်ဖို့ လက်ဖျားနဲ့တောင်မတို့ပဲ စိတ်သန့်သန့်နဲ့ချစ်ခဲ့တာကွ"