I'll be yours
တရိပ်ရိပ်နဲ့ဖြတ်သန်း မောင်းနှင်ခဲ့ရသည့် တိတ်ဆိတ်လွန်းလှသော ရန်ကုန်မြို့ပြ ။ကားအသွားအလာအနည်းငယ်ရှိသော်လည်း လူသူကင်းရှင်းနေပုံကြီးမှာထိက်လန့်ဝမ်းနည်းဖွယ်ရာ။အတွေးတို့တစ်စစီ ပျံ့လွင့်လာခဲ့သည်မှာ သူမရှေ့က ပျောက်ကွယ်ကတည်းကပင်။ကိုကိုတဲ့လား....။ဘယ်လိုပင်ဖြစ်စေ
သူမကို ဆက်၍ပင်သဘောကျနေမိမှာပင်။ခဏတာတွေဝေမှုလေးကပင် သဘောကျနေသည့်စိတ်ကို အနှောက်အယှက်မပေးနိုင်။ထပ်ပီးတော့ သံယောဇဉ်တွယ်ရစ်ရန် ဆန္ဒများပြင်းပြနေဆဲ။နာကျင်ချင်တဲ့ ကျားလေးကတော့ ဆူးတောထဲကိုအတင်တိုးရန်ဟန်ပြင်နေပါသည်။ ထိန်းချုပ်လိုသည့်ဆန္ဒပင်မရှိ။"ငဇင် ဘယ်ပြန်မှာလည်း"
"အိမ်ပေါ့ ငါက ဘယ်ပြန်ရမှာလည်း"
"ဝေယံ မင်းကောသက်သာလား ဆေးသောက်ပီးပီလား"
"ဟေ့ မီ စိတ်နဲ့လူနဲ့ကပ်ပါတော့ ငါ့ကောင်လေးင အခုမှ ပြန်တာ အစာတောင်မဝင်သေးဘူး ဘာနဲ့ဆေးသောက်ရမှာလည်း"
ဇင်သူ စိတ်တိုချင်လည်း စိတ်တိုစရာပင် မိမိကိုယ်တိုင် ဘာတွေမေးနေသည်ကို မသိခဲ့ပါ။တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကိုဖြိုခွင်းလိုသည့် အတွေးသာရှိသည်။
"မသိတော့ပါဘူးဟာ........
ငဇင် "
"အေးပြော"
"အဲဒါငါ့ရဲ့ ညို့မျက်ဝန်းလေးလေ"
"ဟုတ်လား ဒေါက်တာမမလေးမလား"
"အေး ငါသူ့ဖုန်းနံပတ်ရခဲ့တယ်
ငါဆက်သင့်လား ငဇင်"
"ဟာ သိပ်မတွေးနဲ့ နင်ချစ်ရင် နင့်လူပဲမလား "
"ဒါပေါ့ ငဇင်ရာ ဟာ!"
"ဘာဖြစ်တာလည်း"
လက်ကစား၍လျှောက်နိုပ်မိနေသော Phone screenလေးမှ ပေါ်လာသော သူမဖုန်းနံပတ်လေး။
"ငါနာမည်မမေးခဲ့ရဘူး...."
သေလိုက်ပါတော့ကွယ်!ဒီလောက်တောင်အချိန်တွေအများကြီးရှိခဲ့တာတောင် နာမည်မေးဖို့တွန့်စုတ်ရင်း မေ့သွားခဲ့သည်။
"မီ "
"အေး"
"မုန့်ဝယ်ကျွေး မှာလား"
"ဘာဆိုင်လို့လဲ "
"လွှမ်းသာ တဲ့"
"တကယ်!!!"
ဆန္ဒကိုသိက္ခာဖြင့်ပင် မချုပ်တည်းနိုင်တော့ပါ။ ရုတ်တရက်ထခုန်မိလိုက်သောကြောင့် taxi driver တစ်ယောက်ပင် လက်ကိုင်ချော်သွား
သည်။လမ်းရှင်းနေသည့်အတွက် မည်သည့်ကားနှင့်မျှ ထိခိုက်ခြင်းမရှိသော်လည်း taxi driverသည် မှန်မှတစ်ဆင့် စိုက်ကြည့်နေသောကြောင့် သွားများကို အစွမ်းကုန်ပေါ်အောင်ပြုံးပြလိုက်သည်။ စိတ်ထဲတွင် လွှမ်းသာလွှမ်းသာဟုထပ်ခါထပ်ခါ ရေရွတ်နေသည်။ အမေ့ဘက်မှကိုးကွယ်လေ့ရှိသော ဘကြီးဘုန်းကြီးမှ ဘုန်ကြီးဗေဒင်တွက်စဉ်က ဗုဒ္ဓဟူးသားသမီးကို ဆောင်ရမည်ဆိုသည်ကို အမှုမထားမသော် လည်း ရုတ်တရက်တိုက်ဆိုင်မှုကြောင့် ဘုန်းဘုန်းဆောင်းခိုင်းတာဟု စိတ်ထဲတွင်တွေး၍ကြိတ်ပျော်နေမိသည်။