အပိုင်း (၄)‌

56 10 0
                                    

"ငါ.... ငါလိုချင်တာက မင်းကို"

"အဟွတ်.. အဟွတ်"

မောင့်စကားကြောင့် ကျွန်တော် သောက်လက်စအအေးပင် သီးသွားရသည်။ ဘေးစားပွဲဝိုင်းမှ လူအချို့ပင် ကျွန်တော်တို့ကို လှည့်ကြည့်လာသည်။

"မင်း ဘာပြောလိုက်တယ် တည်တံ့‌အောင်"

"ငါ ငါလိုချင်တာက မင်းကို။ အတိအကျပြောရရင် မင်းကိုကော၊ မင်းနှလုံးသားကိုရော"

မောင့်စကားကို ကြားနေရသည်မှာ ကိုယ့်နားကိုတောင်မယုံနိုင်။

"မင်းအခု ငါ့ကို နောက်နေတာမလား"

"မနောက်ဘူး ညွှန်း။ ငါအတည်ပြောနေတာ။ ငါမင်းကို စတွေ့ကတည်းက သဘောကျတာ။ ငါ‌နေမကောင်းဖြစ်တုန်းက ဘာလို့ တစ်ခြားသူဆီက စာအုပ်မငှားပဲ မင်းဆီက စာအုပ်ငှားတယ်ထင်လဲ။ မင်းကိုယ်တိုင်‌ရေးထားတဲ့ လက်ရေးကို ငါသဘောကျလို့။ မင်းနဲ့ ရင်းနှီးချင်လို့။ ပြီး မင်းစကားကိုပဲ နားထောင်ပြီး ဆေးလိပ်ဖြတ်ခဲ့တာ။ စာလည်းသေချာကြိုးစားခဲ့တာ။ ‌မေမေကတောင် ငါ့ကို စာသေချာလုပ်လို့ အံ့ဩနေခဲ့တာ။ ပြီး စာမေးပွဲဖြေပြီးတဲ့ နောက်ဆုံးနေ့က ငါမင်းကို ဖွင့်ပြောမလို့ပဲ ညွှန်း။ ဒါပေမယ့် အလေးမထားသလို ဖြစ်မှာစိုးလို့ ဒီနေ့အထိ ငါစောင့်နေတာ။ ငါ အဘွားတို့ဆီ ပြန်သွားတော့ နေ့တိုင်းလိုလို မင်းကို သတိရနေတာ။ ငါ အစက‌တော့ မင်းကို ချစ်စရာကောင်းလို့ ဒီအတိုင်း သဘောကျသွားတာလို့ ထင်နေခဲ့ပေမယ့် နောက်တော့ ငါသိလာရတယ် ညွှန်း။ ငါ့မှာ မင်းမရှိလို့ မဖြစ်ဘူး။ မင်းကို ငါ့‌ဘေးမှာ တစ်သက်လုံး‌ရှိနေစေချင်တယ်။ သူငယ်ချင်းအဖြစ်နဲ့မဟုတ်ပဲ ငါ့ဘ၀လက်တွဲဖော်အဖြစ်ရှိနေစေချင်တာ"

မောင်သည် သူ့ရင်ထဲရှိသမျှအား အကုန်ဖွင့်ချလိုက်ပါသည်။ မောင်က ဆက်ပြောသည်။

"ငါက  မင်းကိုချစ်မိလို့ ငါကိုယ့်ငါ gay တစ်ယောက်လို့ပဲ သတ်မှတ်ပြီးသား"

ကျွန်တော်တို့ ထိုင်နေသည်က ထောင့်စွန်းဝိုင်းက စားပွဲခုံမို့ ‌တစ်ခြားလူတွေသိပ်မကြားနိုင်။ မောင့်စကားလုံးများအား ကျွန်တော် ငြိမ်သက်စွာ နား‌ထောင်နေမိသည်။ မောင်က ကျွန်တော့်ကို သဘောကျနေသည်တဲ့လား။ ကျွန်တော် အိပ်မက်မက်နေတာလားလို့တောင် တွေးမိပါသည်။ ‌ကျွန်တော် တိတ်တခိုးချစ်မြတ်နိုးနေရသော မောင့်ထံမှ ဖွင့်ပြောလာသည့်စကားဖြစ်နေတာမို့ ကျွန်တော့်ရင်ထဲတွင် ပျော်ရွှင်ခြင်း၊ အံ့သြခြင်းတို့နှင့် ပြည့်နှက်နေလေသည်။ သို့သော် ကျွန်‌တော် မောင့်ကို ချစ်တယ်လို့ တန်းအဖြေမပေးဖြစ်။ မောင် ကျွန်တော့်ကို တစ်ကယ်ချစ်တာ ဟုတ်၊မဟုတ် သိချင်သေးသည်။

မောင့်နှလုံးသား၏ဗဟိုချက်ငယ် (မောင့်နှလုံးသား၏ဗဟိုချက်ငယ်)Where stories live. Discover now