အပိုင်း (၇)

49 9 0
                                    

"ဟုတ်ပါပြီ အခုတော့ သီချင်းနားထောင်မလို့"

"မောင်ဆိုပြမှာပေါ့ ညွှန်းရယ်"

မောင်က ခဏနေတော့ voice clip လေး‌ ပို့လာလေသည်။ ဖွင့်ပြီး နားထောင်ကြည့်တော့ မောင်ဆိုပြသည့်သီချင်းက "မင်းကလွဲရင်" ဆိုသော သီချင်းဖြစ်သည်။

"နွေးထွေးတဲ့ ကိုယ့်ရဲ့ရင်ထဲ xxxxx အေးမြလှတဲ့ရေလိုအချစ် xxxxx ယူလှည့်တော့ကွယ် အချစ်ဆုံးလေးမို့ xxxxx ကိုယ်မင်းအတွက်ပေးချင်သေး xxxxx အသည်းထဲက အချစ်ဆိုတာလည်း xxxxx ကြင်နာသူအတွက်အေးမြလွန်းတယ် xxxxx အမြဲသိမ်းထားပေါ့ချစ်တဲ့သူရယ် xxxxx ကိုယ်အကြင်နာဆုံးမို့ပေးလိုက်တယ် xxxxx မင်းကလွဲပြီး ကိုယ်မချစ်ဘူး xxxxx ဘယ်တော့မှတစ်ခြားသူအစားမထိုးဘူး xxxxx ကိုယ့်အချစ်ဟာမင်းတစ်ယောက်တည်းအတွက် xxxxx အို အရှင်းဆုံးပဲ xxxxx မင်းကလွဲရင် အဖော်မရှာဘူး"

မောင့်အသံအား နားကြပ်တပ်ကာ နားထောင်ပြီးနောက် ကျွန်တော့်တွင် သဘောကျခြင်းတို့က ပြည့်နှက်လာရလေသည်။ ပြီး‌ မောင်က စာပို့လာသည်။

"မောင့်အသံက အဆင်ကောပြေလား"

"ပြေတာထက်ပိုတာပါတယ်ဗျာ"

"အခုတော့ မောင် နားဦးမယ်နော်။ ပြီးရင် ရေမိုးချိုးပြီး ညစာစားရဦးမှာမို့"

"ဟုတ်ပြီ ငါလည်း နားဦးမယ်"

ထိုညက ညနက်သည်အထိ မောင်နှင့် ဖုန်းပြောပါသည်။ မောင်က သူ ကျွန်တော့်ကို ဘယ်လိုသဘောကျခဲ့ရကြောင်း၊ ကျွန်တော်နှင့် အတူရှိခဲ့သည့် အချိန်တိုင်းတွင် အရမ်းရင်ခုန်ခဲ့ရကြောင်းကို ပြောပြနေလေသည်။

"‌တည်... တကယ်တော့ ငါမင်းကို သဘောကျတာ ကြာပြီ။ ဆယ်တန်းကတည်းက"

ကျွန်တော်ကပြောလိုက်တော့ မောင်က ခဏတာ တိတ်ဆိတ်သွားလေသည်။ ပြီးမှ မောင်က အံ့သြစွာဖြင့် ပြန်မေးလေသည်။

"ဆယ်တန်းကတည်းက ဟုတ်လား ညွှန်း"

"ဟုတ်တယ်။ ငါထင်တာ ‌မင်း ငါ့ကို နာရီ၀တ်ပေးတုန်းက စပြီးသဘောကျမိတာထင်တယ်။ ငါကွာ ရင်တွေ အရမ်းခုန်နေခဲ့တာ။ အဲ့နောက်ပိုင်းကစပြီး ငါတို့ စာအတူတူလုပ်ချိန်တိုင်း ငါ မင်းကို ခိုးကြည့်ခဲ့ဖူးတယ်။ ငါ  မင်းကို ဖွင့်ပြောချင်ပေမယ့် မင်း ငါ့ကို မခင်တော့မှာ စိုးရိမ်လို့ ငါ ဒီအတိုင်း နေခဲ့တာ။ မင်း ဖွင့်ပြောတဲ့နေ့ကဆို ငါ အတော်လေး ပျော်ခဲ့တာ။ ပြီးတော့ ငါ မင်းကို ‌ခြောက်လစောင့်ခိုင်းတာက မင်းကို မယုံလို့မဟုတ်ဘူးနော်။ မင်းကောင်လေးဖြစ်လာဖို့ ငါကြိုးစားနေခဲ့တာ။ "

မောင့်နှလုံးသား၏ဗဟိုချက်ငယ် (မောင့်နှလုံးသား၏ဗဟိုချက်ငယ်)Where stories live. Discover now