အပိုင်း (၆)

50 10 3
                                    

တက္ကသိုလ်က သန်ဘက်ခါစတက်ရမှာမို့ အဆောင်ကို ဒီနေ့၀င်ရပါသည်။ ကျွန်တော်တို့မြို့က မကွေးမြို့နှင့် သိပ်မ‌ဝေးသည်မို့ ‌ကားဖြင့် တစ်နာရီခွဲခန့်သာ စီးရသည်။ မောင်တို့အိမ်က light truck ကားရှိတာမို့ ထိုကားနှင့် ကျွန်တော်နှင့် မောင်၏ ပစ္စည်းကို သယ်ပြီး မောင့်မိဘတွေကော ကျွန်တော့်မိဘတွေပါ အိမ်စီးကားတစ်စီးသပ်သပ်ဖြင့်လိုက်သည်။ မောင်နှင့် ကျွန်တော်ကတော့ မောင့်ဆိုင်ကယ်ဖြင့် ရှေ့ဆုံးမှ သွားရလေသည်။ လမ်းတစ်လျှောက်လုံး မောင်က ကျွန်တော့်အား သူ့ခါးကို ဖက်ထားခိုင်းနေပါသည်။

"ကိုညွှန်းစေရာ ပြုတ်ကျမယ်နော်... ခါးဖက်ထားလို့ရတယ်"

"တော်ပါကွာ.. မင်းအသားယူချင်နေတာမလား"

"ဟဲ ဟဲ အဲ့ဒါလည်း ပါတယ်ဆိုပေမယ့် တစ်ကယ်စိတ်ပူလို့ပါဆို"

မောင်က ကျွန်တော့်လက်ကို ဆွဲကာ သူ့ခါးကို အတင်းဖက်ထားစေသည်။ ကျွန်တော်က မေမေတို့မြင်မှာစိုးသဖြင့် လက်ကို ရုတ်လိုက်တော့ မောင်က ထပ်မဖက်စေတော့ပဲ စိုးရိပ်စွာဖြင့် ပြောသည်။

"ငါ့ခါးကို မဖက်ထားရင်တောင် နောက်က ကိုင်စရာကို သေချာကိုင်ထားနော်"

တစ်လမ်းလုံး မောင်က ဆိုင်ကယ်ကို ဖြည်းဖြည်းသာမောင်းလေသည်။ ပုံမှန်ဆို တစ်နာရီခွဲလောက်သာ ကြာသော်လည်း အခုတော့ နှစ်နာရီလောက်ကြာမှ ကံပြားရွာကို ရောက်လေသည်။ ကံပြားရွာကို ရောက်တော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်၀င်ကာ မနက်စာစားကြသည်။ မောင့်မိဘတွေနှင့် ကျွန်တော့်မိဘတွေက အမြဲတမ်းလိုလို တွေ့ဖြစ်ကြသည်မဟုတ်သော်လည်း ခင်မင်ရင်းနှီးကြတာမို့ မောင်နှင့်ကျွန်တော်ကို ညီအစ်ကိုပမာ ချစ်ခင်ကြသည်ဟုသာ ထင်နေကြသည်။

"ကျောင်းတက်ရင် အိမ်က လာမကြည့်နိုင်တော့ သားတို့ ညီအစ်ကိုအချင်းချင်းပဲ ဖေးမရမှာ‌နော်။ သားညွှန်းရေ.. တည်တံ့အောင် တစ်ခုခုမဟုတ်တာလုပ်ရင်ဖြစ်ဖြစ်၊ စာမေးပွဲကျရင်ဖြစ်ဖြစ် အန်တီ့ကို ပြောနော်"

"ဟုတ်"

"သားတည်တံ့အောင်ကလည်း ညွှန်းတစ်ခုခုမဟုတ်တာလုပ်ရင် ပြောနော်"

မောင့်နှလုံးသား၏ဗဟိုချက်ငယ် (မောင့်နှလုံးသား၏ဗဟိုချက်ငယ်)Where stories live. Discover now