အပိုင်း (၅)

48 8 0
                                    

မောင်သည် မနက် (၈) နာရီလောက်မှာပင် ကျွန်တော့်ကို လာခေါ်သည်။ ဆိုင်ကယ်နောက်က လိုက်စီးသည့် လမ်းတစ်လျှောက်လုံးတွင် မောင့်အား လက်ဆောင်အကြောင်း မေးသော်လည်း မောင်က တေမိမင်းသားပမာ မေးသမျှ တစ်ခွန်းမှ ပြန်မဖြေပဲ နေနေလေသည်။

"ဟျောင့် ငါမေးနေတယ်လေ။ လက်ဆောင်က ဘာပေးမှာလဲလို့"

"လက်ဆောင်ဆိုတာ ကြို‌ပြောထားရင် ဘယ်စိတ်၀င်စားစရာကောင်းမလဲ ညွှန်းရ။ အိမ်ရောက်ရင်သိရမှာ"

မောင့်အိမ်ကိုရောက်တော့ မောင့်အိမ်မှာ ဘယ်သူမှမရှိ။

"တည်တံ့အောင်... အန်တီနဲ့ ဦးလေးရော"

"မရှိဘူးလေ။ အမေနဲ့ အဖေက ကိစ္စရှိလို့ ညနေမှ ပြန်လာမှာ"

"အဲ့... အဲ့ဒါဆို မင်းနဲ့ ငါနဲ့ နှစ်ယောက်တည်းပေါ့"

"အေးလေ"

ကျွန်တော် တံတွေးတစ်ချက်မြိုချလိုက်တော့ ‌မောင်က ကျွန်တော်ဘာတွေးနေတယ်ဆိုတာကို သိသွားဟန်တူသည်။

"ကိုညွှန်းစေရာ၊ အတွေးလေးနည်းနည်းလျှော့။ ထွန်းထွန်းနဲ့ချိုချိုလိုလည်းမဖြစ်စေရဘူး။ ဘေးအိမ်က ‌အဒေါ်ကြီးလည်း လာစရာမလိုဘူး။ မင်းကို လက်ဖျားနဲ့တောင် မတို့ဘူး။ ဟုတ်ပြီလား။ ယုံယုံကြည်ကြည် စိတ်ချလက်ချထိုင်"

မောင်က ပြောရင်းဖြင့် သူ့အခန်းထဲ၀င်သွားပါသည်။ ကျွန်တော်က ဧည့်ခန်းထဲက ထိုင်ခုံတစ်ခုပေါ် ‌ထိုင်နေလိုက်သည်။ ခဏနေတော့ မောင်က ဂစ်တာတစ်လက်ကို ယူလာလေသည်။

"ငါမင်းကို ပြောဖူးတယ်မလား။ ငါဂစ်တာတီးတတ်ရင် မင်းကို အရင်ဆုံး ဂစ်တာတီးပြမယ်ဆိုတာကိုလေ။ အခု တီးပြမလို့"

မောင်က ပြောပြောဆိုဆိုဖြင့် ဂစ်တာကြိုးပေါ်ကို လက်ခတ်ပြားလေးတင်ကာ သံစဉ်တစ်ခုကို စတင်တီးခတ်လေသည်။ မောင် ဂစ်တာစတီးကတည်းကပင် မောင်တီးနေသည့် သီချင်းသည် ဝိုင်ဝိုင်း၏ "ဒူးထောက်ပြီ" သီချင်းဖြစ်ကြောင်း ရိပ်စားမိပါသည်။

"ငါချစ်ရမှာ စိတ်ကူးရုံနဲ့..... အသွေးအသားထဲက ပျော်နေတတ်ပြီ xxxxx အိပ်မက်ထဲမှာ ဆုံတွေ့လိုက်တိုင်း မနေနိုင်ဘူး ရူးချင်ပြီ xxxxx မင်းရှေ့ကို ရောက်သွားရင်ပဲ...... အားတင်းထားသမျှ အရည်ပျော်သွားတယ် xxxxx မင်းရဲ့အကြည့်မှာ မြူခိုး‌တွေနဲ့ မမြင်နိုင်ဘူး ဆူးတွေလည်း xxxxx ရင်ကိုဖွင့်ပြီး ဆိုမယ်..... မယုံနိုင်အောင် ချစ်မိတယ် xxxxx ရင်ခုန်သံများ ချုပ်ထိန်းမရ.. သူသိအောင် ဖွင့်ပြောမည် xxxxx ကိုယ့်ဘက်က အကြင်နာတွေ မင်းသိဖို့လိုပြီ xxxxx ‌ဝေးချင်ရင်ဝေး ခဏလောက်ဆုံဖြစ်ရင်.... ငါ့ရဲ့ကမ္ဘာကို ကျေနပ်မည် xxxxx ရင်ခုန်သံများ ချုပ်ထိန်းမရ.. သူသိအောင် ဖွင့်ပြောမည် xxxxx ကိုယ့်ဘက်က အကြင်နာတွေ မင်းသိဖို့လိုပြီ xxxxx တို့ ဆုံတွေ့ခြင်း အရှုံးလည်း ယူလိုက်မည် xxxxx မင်းသိအောင် ဖွင့်ပြောတောမည်"

မောင့်နှလုံးသား၏ဗဟိုချက်ငယ် (မောင့်နှလုံးသား၏ဗဟိုချက်ငယ်)Where stories live. Discover now