Part[7]

1.6K 173 6
                                    

Unicode

Jin-ဟူးးးး ငါ့ပါးစပ်ကြီးက မအော်မိအောင်မင်းလက်ကို ဆွဲထားတာတောင် ငါ yuri ရှေ့ အရှက်ကွဲ ဖြစ်အောင်ကွဲလိုက်သေး...အ...

အကြောင်းမှာ jk မှ jin ၏လည်ဂုတ်ကိုရိုက်လိုက်ခြင်းကြောင့်ဖြစ်သည်

jk-အဲ့လောက်ကြောက်နေရင်လည်း မစီးပါနဲ့လား ဘာလို့စီးလဲ

jin-yarrr ငါက မင်းကို ကူညီတာလေကွာ

jk-အော်....မောင်မင်းကြီးသား ကျေးဇူးကြီးလှပါတယ်နော် တော်တော် ကူညီလိုက်တာပဲ...မင်းလုပ်လို့ ငါချယ်လက်လေးကိုင်ဖို့အခွင့်အရေးလွတ်သွားပြီ

jin-အဲ့..အဲ့တာက ငါ အရမ်းကြောက်သွားတာကိုကွ နောက်တစ်ခါသေချာ ကူညီမယ်ကွာ နော် နော်လို့ စိတ်မဆိုးနဲ့တော့ ငါ့ kook လေးကချစ်ဖို့ကောင်းပါတယ်ကွာ ဟုတ်တယ်မှတ်လား

jk-အခုမှ မျက်နှာချို လာသွေးမနေနဲ့

jin-အိုးး ကြည့်ပါအုန်း အုန်းသီးခေါင်းကြီးက စိတ်ဆိုးနေတာတဲ့ ကြည့်လို့လဲမကောင်းဘူး ဆူပုတ်ပြီးတော့ blah blah

jin တစ်ယောက် စိတ်ဆိုးနေသော သူ့သူငယ်ချင်းလေးအား လျှာလေးထုတ်ပြောင်ကစပြီး တန်းနေအောင်ပြေးတော့သည်။

jk-ဘာကွ!! အေ မင်းတွေ့လို့ကတော့ မလွယ်ဘူးမှတ် ငါလာပြီ..

jkတစ်ယောက် သူ့ကို လျှာထုတ်ပြောင်ပြသွားသော အကောင်ပေါက်ရဲ့ခါးကို ဆွဲဖက်လိုက်ပြီး လှည့်လိုက်တော့ တခစ်ခစ်နဲ့ရယ်သံလေးတွေဟာ လမ်းမပေါ်က မီးရောင်မှိန်မှိန်အောက်မှာ နားဝင်ချိုစွာပျံ့လွင့်လျက်.....

ထိုနည်းတူ လမ်းမထက်ရှိ သွားလာလှုပ်ရှားနေသူများ၏ မျက်နှာထက်တွင်လည်း ကောင်လေးနှစ်ယောက်၏ ကြည်နူးစရာမြင်ကွင်းကို ကြည့်၍ ပျော်ရွှင်မှုတို့ ကူးစက်လျက်.....

jin-arrr kook တော်တော့ ငါမူးနေပြီ

jungkookဟာ jinကို ဖက်ထားလျက်နဲ့ လမ်းမီးတိုင်ကို ကျောမှီကာ အမောဖြေနေသလို jinလည်း သူ့ခေါင်းလုံးလံးလေးကို jk ပုခုံးထက်မှီကာ သူ့ခါးထက်က jkလက်တွေပေါ်အုပ်ကိုင်လျက် ပါးစပ်လေး ဟစိဟစိ နဲ့ အမောဖြေနေတဲ့ jinရဲ့ ချောမောမှုကို လမ်းမီးတိုင်ရဲ့ မီးရောင် သဲ့သဲ့က ပိုပြီးအားဖြည့်ပေးနေသယောင်

Friend ZoneWhere stories live. Discover now