Unicode
At jin side>>>>
kookနဲ့သူနဲ့က ဘာတွေလဲ ဘာလို့အဲ့တစ်ယောက်က kook ကိုနမ်းနေရတာလဲ....အဲ့တစ်ယောက် ငါ့နားကပ်ခဲ့တာ kook ကိုကြိုက်လို့ပေါ့....kook က ခုနက ငါ့ကို စိတ်ဆိုးတာ အဲ့တစ်ယောက်ကို ငါနဲ့ သဝန်တိုလို့များလား....ငါကကောဘာလို့ ဝမ်းနည်းနေရတာလဲ....ဘာလို့ တစ်ခုခုကို ဆှုံးရှုံးလိုက်ရသလိုမျိုး ခံစားနေရတာလဲ....အား စိတ်ရှုပ်ဖို့ကောင်းလိုက်တာ....
ကျွန်တော် kook ကို တောင်းပန်ဖို့ kook တို့သွားတဲ့ဘက်ကို လိုက်သွားမိတော့ မြင်လိုက်ရတာက kookကို lucy ဆိုတဲ့တစ်ယောက်က နမ်းနေတာ အဲ့တာကြောင့် ကျွန်တော်လည်း အဲ့နေရာက မပြေးရုံတမယ် ပြန်ထွက်လာမိတယ််....
Someone-အ
ကျွန်တော် အတွေးလွန်နေတုန်း ကျွန်တော်ရှေ့က တစ်စုံတစ်ယောက်ကို တိုက်မိတာကြောင့် ကျွန်တော့်မှာ ပြာပြာသလဲ တောင်းပန်ရတယ်....
Jin-ဟို အဆင်ပြေရဲ့လားဟင် ကျွန်တော်တောင်းပန်ပါတယ်ဗျာ....
Soo-မထူပေးချင်ဘူးလားဟင်....
Jin-ဗျာ..
Soo-ရှင်ဝင်တိုက်လို့ ကျွန်မလဲသွားတာလေ ပြန်တော့ထူပေးသင့်တာပေါ့....
Jin-အာ..ဟုတ် so..sorry ပါ ဗျာ ကျွန်တော် အတွေးထဲ မျောသွားလို့ပါ ဗျ
Soo-ရပါတယ်..ဒါနဲ့ ကျွန်မထက်ငယ်မယ်ထင်တယ်..
Jin-ဟုတ် ကျွန်တော်က အခုမှ first year ဗျ
Soo-ဝိုး ကိုယ်လည်း second year ပဲရှိသေးတယ်..မထင်ရဘူးနော် ကိုယ့်ထက်အများကြီးငယ်မယ်ထင်တာ...အထက်တန်းကျောင်းသားလေး ထင်နေတာ ဒီလောက်နုဖက်နေတာ..
Jin-အာ.. မဟုတ်တာ မြှောက်နေပြန်ပါပြီ...
Soo-မမ
Jin-ဗျာ..
Soo-မမ လို့ခေါ်..ခေါ်ဖို့ခက်နေတာမှတ်လား..
Jin-အာ ဟုတ်
Soo-မမမှာ မင်းလို အရွယ်မောင်လေး ရှိတယ်..ဒါနဲ့ နာမည်က
Jin-Kim Seok Jin ပါ မမ Jin လို့ခေါ်လို့ရပါတယ်
Soo-ကောင်းပြီ Jin လေး မမ မောင်လေးအတွက် ရည်းစားရှာနေတာ jin လေး တွဲမလားဟင်..
YOU ARE READING
Friend Zone
FanfictionJk-ငါတို့က အချစ်ဆုံးသူငယ်ချင်းတွေနော်......... Jin-အင်း......... ယူသုံးထားတဲ့ fan art တွေအကုန် crd ပေးပါတယ်နော် Start date-4.12.2021(Jinnie Birthday Special) End date-14.9.2022 ကိုယ့်အချစ်ဆုံးရဲ့ မွေးနေ့လေးမှာ အမှတ်တရ ဖြစ်အောင်🐹🎉