Part{16}

2.4K 187 45
                                    

Unicode

ဂျင်နိုးသည်နှင့် မျက်လုံးမဖွင့်သေးပဲ ဘေးဘီဝဲယာကို စမ်းကြည့်မိတော့ နူးညံ့သော အထိအတွေ့ကြောင့် အိပ်ယာပေါ်ရောက်နေမှန်းသိလိုက်သည်..ကြည့်ရတာ ဟိုအုန်းသီးခေါင်းပို့ပေးခဲ့သည်ထင် ဂျင့်အခန်းထဲကို..တစ်ဆက်တည်းမှာပင် ဟန်မြစ်မှာတုန်းက ယောင်းမှားပို့သောစာကိုမြင်ပြီး သဝန်တိုစွတ်တိုကာ အဖြေအသဲအသန်တောင်းနေသော ဂျွန်ဂျောင်ကုကိုမြင်ယောင်မိ၍ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်....

"လူဆိုးကောင် ဟီး"

အပျင်းကြောတစ်ချက်ဆန့်ပြီး မျက်လုံးတွေကို ဖြေညှင်းစွာဖွင့်မိတော့ မိမိအား ပြုံးပြုံးကြီး စိုက်ကြည့်နေသော ဂျွန်ဂျောင်ကု....

"ဟင် မင်းမပြန်သေးပဲ ဘာလုပ်နေတာလဲ ပြီးတော့ငါ့အခန်းထဲမှာ"

"ပူးတူးကလည်း သေချာကြည့်ပါအုန်း ဒါကိုယ့်အခန်းထဲမှာ"

"ဘယ်က ပူတူးလဲ..ပြီးတော့ မင်းအခန်း ဟင်"

ဂျင်အခုမှ အခန်းကိုသေချာကြည့်မိတော့ မိုးပြာရောင်လေးနဲ့ပန်းနုရောင်လေးပေါင်းပြီး ခြယ်သထားသောအခန်း..အခန်းတွင်းသုံးထားတဲ့ ပစ္စည်းတွေကလည်း ပန်းရောင်တစ်မျိုး မိုးပြာရောင်လေးတစ်မျိုးနဲ့ ဂျင့်အကြိုက်အရောင်တွေမို့လို့လားတော့မသိ ဂျင့်စိတ်အစုံကို အေးချမ်းစေသည်....

"အံသြသွားလား ပူတူး"

"အုန်းသီးခေါင်း မင်းမယုတ်မာနဲ့နော် ငါ့ကို အိမ်ပြန်ပို့ပေးမယ်ဆိုလို့ ငါမင်းကိုစိတ်ချပြီး အိပ်လိုက်တာ အခု ဘယ်လိုလုပ်မင်းအခန်းထဲရောက်နေတာလဲ"

"အဲ့တာက ကိုယ်မင်းကို ခိုး ပြေး လာ တာ!!"

တစ်ခုခုကို စိုးရိမ်ဟန်ဖြစ်နေသော ပေါက်စကြောင့် သူ့ပေါ်အုပ်မိုးကာ ထပ်မံစလိုက်မိသည်....

"ဘာ!!"

"ဟဟ စတာပါ ပူတူးကလည်း ကြည့်အုန်း မျက်လုံးလေးတွေပြူးပြီး ပါးတွေနီရဲလာလိုက်တာ..ဘာတွေ ဒီလောက်ရှက်နေတာလဲ ဟမ်"

"ဖယ် ဖယ် ငါ့အပေါ်က ပြော ငါဘာလို့ မင်းအခန်းရောက်နေတာလည်း"

Friend ZoneWhere stories live. Discover now