Unicode
Ring Ring~~~~📞
Jin-hello kook ပြော
Jk-Jin ငါမင်းတို့ခြံရှေ့မှာထွက်ခဲ့ပါလား
Jin-ဟမ် kook မင်းအသံလည်း မကောင်းပါလား ဘာဖြစ်တာလည်း
Jk-ငါ ငါ မပြောချင်ဘူးကွာ မင်းထွက်ခဲ့ လာမှပြောမယ်
Jin-အေးအေး ငါလာပြီနော် ခဏလေးပဲစောင့်
Jk-omm
ကျွန်တော် kook ဖုန်းကို ချပြီးတာနဲ့ ခြံရှေ့ကို အပြေးထွက်ကြည့်တော့ ခြံရှေ့က လမ်းမီးတိုင်အောက်လေးမှာ ခေါင်လေးအောက်စိုက်ပြီး ရပ်နေသော kook ကြောင့် သူ့အနားကိုအပြေးသွားမိပြီး kook လို့ခေါ်လိုက်တော့ ခေါင်းလေးထောင်ကြည့်လာပြီး ကျွန်တော့် ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲသို့ သိမ်းဖက်လိုက်တာကြောင့် ကျွန်တော် တောင့်တောင့်ကြီးရပ်နေမိတယ်.....
Jin-အင့် kook
Jk-ခဏလေးပါပဲကွာ ခဏလေးပါပဲ ငါစိတ်တွေအရမ်းရှုပ်နေလို့ပါ
Jkကပြောပြီးတော့ သူ့ခေါင်းလေးကို ကျွန်တော့်လည်ပင်းမှာ အပ်ထားတာကြောင့် သူ့နှာခေါင်းက ကျွန်တော့်လည်ပင်းမှာ ကပ်နေကာ သူ့ရဲ့ဝင်သက်ထွက်သက် အငွေ့နွေးနွေးကို ခံစားနေမိတယ်..ထို့ပြင် ပူနွေးနွေးအရည်တွေကိုပါ ခံစားမိလိုက်တာကြောင့် kook ငိုနေပြီဆိုတာ သိလိုက်တယ်..အဲ့ဒါကြောင့် ကျွန်တော် သူ့ကျောပြင်ကျယ်ကျယ်ကို တင်းကျပ်စွာ ပြန်ဖက်ထားလိုက်ပြီ လက်လေးနဲ့ ဖွဖွ ပုတ်ပေးလိုက်တယ်.....ဟူးးးး ကြည့်ရတာ ချယ့်ဆီက ငြင်းခံလိုက်ရတယ်တူတယ် ဟိုတစ်နေ့က ကျွန်တော်တို့နှစ်ယောက် တိုင်ပင်ပြီး ကျွန်တော်တို့ ချစ်နေတဲ့သူတွေကို ဖွင့်ပြောဖို့ လုပ်ခဲ့ကြတာ....ကျွန်တော် yuri ဆီက ငြင်းခံရတုန်းကတောင် သူ့ဆီသွားပြီး အော်ကြီးဟစ်ကျယ် အော်ငိုခဲ့သေးတာ....ဒါပေမဲ့ အခု ကျွန်တော် အဆင်ပြေနေပါပြီ အရမ်းကြီးတော့ မခံစားရဘူး ဘာကြောင့်မှန်းတော့ ကျွန်တော်လည်းမသိဘူး.......
Jk-ကျေးဇူးပဲ Jin
Jin-မဟုတ်တာ သူငယ်ချင်းတွေပဲကို ကျေးဇူးစကားပြောစရာမလိုပါဘူးကွာ ဒါနဲ့ ဘယ်လို ဖြစ်ခဲ့တာလဲ ပြောပါအုန်း
YOU ARE READING
Friend Zone
FanfictionJk-ငါတို့က အချစ်ဆုံးသူငယ်ချင်းတွေနော်......... Jin-အင်း......... ယူသုံးထားတဲ့ fan art တွေအကုန် crd ပေးပါတယ်နော် Start date-4.12.2021(Jinnie Birthday Special) End date-14.9.2022 ကိုယ့်အချစ်ဆုံးရဲ့ မွေးနေ့လေးမှာ အမှတ်တရ ဖြစ်အောင်🐹🎉