Part - 6

378 17 0
                                    

ကိုကြီးပြန်မလာသေးလို့ ကျွန်တော် မျက်စိ
ဝင့်ကာရှာနေစဥ် ကျွန်တော်ရဲ့ မျက်စိရှေ့၌
ကိုကြီးလက်အားဆွဲထားသော မိန်းကလေး
တစဦး ချစ်ဖို့ကောင်းပြီး ယဥ်ယဥ်လေးနဲ့
မြန်မာဆန်လှသည့် မိန်းကလေး ကျောလယ်
လောက်ရှိသော ဆံပင်လေးအား တဝက်စည်း၍
မြန်မာဝတ်စုံလေးနှင့် အသားဖြူဖြူနှင့် မိန်းကလေး ဘယ်လိုကြည့်ကြည့် ကိုကြီးနှင့်
လိုက်ဖက်လှသော ထိုမိန်ကလေးမှာ အဘယ် သူနည်း။

ကျွန်တော်တစ်ယောက်တည်း အတွေးများနှင့်
ရောက်ရက်ခတ်နေသည်။ ထိုအချိန်
အကိုနန္ဒတို့လည်း ဆီမှ
" ဟမ်း နေနီ"
ထိုနာမည်ကိုကြာရရုံဖြင့် ကျွန်တော့်၏
အမြင်အာရုံများဝေဝါးလာတော့သည်။

မျက်ဝန်းအိမ်မှ ပုလဲအုလေးများအား
အခြားလူများမမြင်စေရန်အတွက် ကွယ်ဝှက်
သိမ်းဆည်းလိုက်နိုင်သည်။ ထိုအချိန်
ကိုကြီးမှပြန်ရောက်လာပြီး
" နေနီ နင်ဘယ်တုန်းက ပြန်ရောက်တာလဲ "
" ငါ မနေ့ကမှရောက်တာဟ "
" ပြန်သွားရဦးမှာလား "
" ဟင့်အင်း မသွားရတော့ဘူး
ကျောင်းပြီးလို့ အပြီးပြန်လာတာ "
" အော် "

သူတို့ဘာသာစကားပြောနေရင်းမှ ထိုအမက ကျွန်တော့်ဘက်သို့လှည့်လာပြီး

" ကို သူလေးက ဘယ်သူလဲ "
ကိုကြီးအား ကိုဆိုပြီးခေါ်ကာ ကျွန်တော့်အား
ကြည့်လာသောထိုအမမှာ လူတင်မဟုတ်
အသံပင်ဆွဲဆောင်မှုရှိလှသည်။ ကျွန်တော်
ဘာဆက်လုပ်ရမလဲ မတွေးတတ်တော့ပေ။

ဒီအချိန်ကျွန်တော်သိတာအိမ်သို့သာ ပြန်ချင်
သည်။ ဒီနေ့ကိုကြီးနဲ့ အပြင်မလိုက်ခဲ့မိလျှင်
ကောင်းလိမ့်မည်ဟုတွေးနေမိသည်။
ထိုအချိန်ကိုကြီးမှ
" အာ သူ့နာမည်က ကြယ်လေးတဲ့ ... "
ကိုကြီးမိတ်ဆက်စကားကို ကျွန်တော်မှ
ခေါင်းငြိမ့်ပြလိုက်သည်။ နောက်ဆက်တွဲ
မိတ်ဆက်စကားအား မျှော်လင့်နေမိသော
ကျွန်တော်သာအရူးပင်တည်း။

* ကိုကြီး ဒါဘဲလား မိတ်ဆက်တာကို
ဒီမှာတင်အဆုံးသတ်လိုက်တာလား*
မျှော်လင့်ချက်ရောင်ခြည်လေးဖြင့်
မော့ကြည့်လိုက်သော်လည်း
" ကြယ်လေး သူ့နာမည်က နေနီနီတဲ့ "
" ဟုတ်ကဲ့ "
" အော် ငယ်ဦးမယ်ထင်တယ် ဒီအဖွဲ့နဲ့
သူငယ်ချင်းတွေတော့ မဟုတ်လောက်ဘူး
ထင်တယ် "
ဘယ်လိုဖြေရမလဲ ကျွန်တော်စဉ်းစားနေစဉ်
အကိုဝေသုမှ
" ငါ့ညီလေးပါ "
ကိုကြီးရဲ့မျက်နှာကို ထိုအချိန်မကြည့်ရဲ
ကျွန်တော်၏ ငိုချင်နေသောစိတ်က ကြည့်လိုက်
မိကာမှ တားဆီးမရနိုင်ဖြစ်ပေတော့မည်။

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Where stories live. Discover now