Part - 7

384 16 0
                                    

" နေနီ ကိုယ်မင်းကိုပြောစရာရှိတယ် "
" ဟင့်အင်း ဒီနေ့တော့ နေနီပြောတာကို ကိုကဘဲ
နားထောင်ပေးနော် နေနီလေ... "
" ခဏလေးနေနီ "
" ကို "
ထိုအချိန် မှာထားသောစားသောက်စရာများ ရောက်လာသဖြင့် ပြောမည့်စကားများ
ရပ်တန့်သွားတော့သည်။

ကျွန်မသိတာပေါ့ ကိုနဲ့ ဟိုကောင်လေးအကြောင်း သူမနိုင်ငံခြားမှာရှိနေစဉ်ကတည်းက ကိုဆီမှ အဆက်အသွယ်မရတော့သဖြင့် သူငယ်ချင်းများနှင့် တစ်ဆင့်စုံစမ်းခဲ့ပါသည်။

သိလိုက်ရသည်က ကိုလက်ထပ်သွားပြီးဖြစ် ကြောင်း၊ ကိုနှင့်လက်ထပ်လိုက်သူမှာ ယောကျ်ား လေးတစ်ဉီးဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမဒီနိုင်ငံသို့ အမြန်ဆုံးပြန်လာနိုင်ရန် ကြိုးစားခဲ့သည်။

ပြန်လာပြီးနောက်နေ့တွင် သူငယ်ချင်းတစ်ဦးမှ ကိုနှင့် ထိုကောင်လေးအား ကုန်တိုက်တစ်ခုတွင် တွေ့လိုက်သည်ဆိုသဖြင့် သူမလည်း အမြန်ဆုံး ပြင်ဆင်ကာဘထိုကုန်တိုက်သို့ ထွက်လာလိုက်သည်။

ကို့အားတွေ့သည်နှင့် လက်ကိုဆွဲပြီး ခေါ်လိုက် သောအခါ ကို့မှာ ​တောင့်တောင်ကြီးရပ်နေ သည်။ သူမလည်း ကိုရဲ့လက်ကိုဆွဲကာ ကို့သူငယ်ချင်းတို့ဝိုင်းသို့ထွက်လာလိုက်သည်။
ထိုဝိုင်းတွင် ရှိနေသော ရွှေရောင်ဝင်းနေသည့် အသားအရေနှင့် မျက်လုံးဝိုင်းလေးများဖြင့် ကောင်လေးမှာ သူမလိုမိန်းကလေးကတောင် အားကျမိသည်အထိ ချစ်ဖို့ကောင်းနေသည်။

ကို့ရဲ့အကြည့်တွေက ကောင်လေးဆီမှာသာ ပျံဝဲနေသည်ကို သတိထားမိသဖြင့် စာကားစဖြတ်ကာ ကို့အားခေါ်ထုတ်လာခဲ့သည်။ စားသောက်ဆိုင်ရောက်တော့လဲ ကို ဘာပြော ချင်နေသည်ကိုသိသည်။

ကောင်လေး၏ ဖုန်းနံပါတ်အားလည်း သူမ မပြန်လာမီကတည်းက စုံစမ်းထားပြီးဖြစ်သည်။
ဒီနေ့လည်း သူငယ်ချင်းအားအကူအညီတောင်း ပြီး ဓာတ်ပုံများရိုက်၍ ကောင်းလေး၏ ဖုန်းသို့ ပို့ထားပြီးဖြစ်သည်။

ထိုအချိန်
" နေနီ ကိုယ်တို့တွေရဲ့ ပတ်သက်မှုကို ဒီမှာတင်ဘဲ ရပ်လိုက်ကြရအောင်ကွာ အရာအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ် နေနီ ကျေးဇူးပြုပြီး "
" ကို နေနီတောင်းပန်ပါတယ် နေနီ့ကို မထားခဲ့ ပါနဲ့ ဟင့် ဟင့် "
ငိုကြွေးနေသော သူမ၏ မျက်ရည်များသည် ကြယ်လေး၏ ညှို့မှိုင်းနေသော မျက်နှာလေးအား မယှဉ်နိုင်ပေ။

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Donde viven las historias. Descúbrelo ahora