Part - 8

379 16 0
                                    

Unicode

နောက်တစ်နေ့မနက်တွင် ကြယ်လေးတစ်ယောက် ဆေးရုံသို့သွားရန် ပြင်ဆင်နေသည်။
အားလုံးပြင်ဆင်ပြီး အောက်ထပ်သို့ဆင်းရန် အခန်းအပြင်သို့ထွက်လာစဉ် တစ်ဖက်ခန်း ကိုကြီးကလည်း အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

" ကြယ်လေး ဒီနေ့ဆေးရုံသွားရမယ် မဟုတ် လား "

" ဟုတ်ကဲ့ ကိုကြီး "

" အဲ့ဒါဆို မနက်စာစားပြီးရင်သွားကြရအောင် "

" ဟုတ် "

ပြောပြီး အောက်ထပ်သို့ဆင်းရန်ပြင်စဉ် သူ၏ လက်ဖက်အားနူးညံ့စွာထွေးဆုပ်ကိုင်လာသည့် ကိုကြီး၏ နွေထွေးလှသည့်လက်ဖဝါးကြောင့် ကျွန်တော့်ရင် ရင်ခုန်သံမှာ ဆောက်တည်ရာမရ ပိုမိုအခုန်မြန်နေတော့သည်။

သူကြောင်အစွာကြည့်နေသည်ကို သိသော ဝဠာ မှာလည်း

" အောက်ဆင်းရအောင်လေ ... လှေခါးထစ် တွေနဲ့ ချော်လဲမှာစိုးလို့ သွားရအောင် "

ကိုကြီးအသံကြားမှ အတွေးကမ္ဘာထဲအလည် အပတ်ရောက်နေသည့် သူ၏စိတ်ဝိညာဉ်လေး လည်း သူ့ဆီသို့ ပြန်ရောက်လာခဲ့တော့သည်။

" ဟုတ် "

အဖြေစကားဆုံးသည်နှင့် ဝဠာမှ သူ့အား ထမင်းစားခန်းသို့ဦးတည်ခေါ်လာခဲ့သည်။

လက်ဆွဲပြီးရှေ့မှသွားနေသည့် ဝဠာမှာလည်း အပြုံးမျက်နှာဖြင့် သွားနေပြီး နောက်မှ လက်ဆွဲခံရင်းလိုက်နေသော ကြယ်လေးမှာလည်း အပြုံးပန်းတို့ဝေဆာနေသည်။ ထမင်းစားခန်းထဲသို့ရောက်ပြီးသည်နှင့် အဖေ့အားနှုတ်ဆက်ပြီး ဝဠာမှ သူ့အားနေရာချပေးကြီး မနက်စာ စားသောက်ပြီး ဆေးရုံသို့ထွက်လာခဲ့သည်။

ဆေးရုံတွင်လည်း ကားပေါ်မှ ဆင်းကတည်းက သူ့လက်အားဆွဲထားပေးသည့် ဝဠာ အနောက်တွင်ပြုံးနေသည့် ကြယ်လေး

ဆေးရုံတွင် ဝဠာကကြိုတင်ဘိုကင်လုပ်ထား သဖြင့်စောင့်ဆိုင်းရန်မလိုဘဲ ဆရာဝန်ဆီသို့သာ စမ်းသပ်ရန် သူနာပြုတစ်ဦး၏ လမ်းညွှန်ခေါ်ဆောင်မှုဖြင့် လိုက်ခဲ့လိုက်သည်။

" သားဝဠာ တို့ရောက်ပြီးလား "

" ဟုတ်ကဲ့ လေးလေး "

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ