Part - 2

482 25 2
                                    


unicode

ကျွန်တော်နာမည်ကတော့ တိမ်ဝဠာယံ မြန်မာ နိုင်ငံရဲ့ Top 1 ဖြစ်တဲ့ Tain Yan co:ltd ရဲ့ CEO တစ်ယောက်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွင်သာ မကဘဲ အမှောင်ဘက်တွင်လည်း Dark အမည်ဖြင့် လူအများ၏ လေးစားကြောက်ရွံ့ကြသောသူ ဖြစ်သည်။

ကျွန်တော့်အမေက ကျွန်တော် ၁၃ အရွယ်မှာဆုံးပါးသွားခဲ့ပြီးနောက် ကျွန်တော်နှင့်အဖေသာ နှစ်ယောက်ထဲနေခဲ့သည်။ ကျွန်တော်အသက် ၂၀ မှာ အဖေ့ရဲ့လုပ်ငန်းတွေလွှဲယူခဲ့ပြီး ပိုမိုတိုးတက်အောင်မြင်ရန်အတွက်ကြိုးစားခဲ့သဖြင့် အရမ်းကို အောင်မြင်ခဲ့သည်။

ကျွန်တော်ရဲ့အောင်မြင်မှုအတွက် မနာလိုသူများ မုန်းတီးနေသူများမှာ အမျိုးမျိုးလုပ်ကြံရန် ကြံစည်နေကြသည်။ တစ်ညတွင် ကျွန်တော့် ဘဝအတွက် လူသားလေးတစ်ဦးကို နင်းခြေဖျက်ဆီ ခဲ့မိသည်။

နောက်ရက်မှစပြီး ထိုလူသားလေးအား ရှာဖွေခဲ့ သည်။ ကျွန်တော့်ရဲ့အမှားအတွက်ပေါ့။ ထိုလူသားလေး အနားသို့ ကိုယ်တိုင်ချည်းကပ် ပြီး တောင်းပန်ချင်သော်လည်း များပြားလှသည့် အလုပ်များကြောင့်သာ ကျွန်တော်၏ တပည့် များကိုသာ သူ့အနားသို့လွှတ်ထားခဲ့ရသည်။

ယနေ့တွင် တပည့်များမှ တင်ပြသည့်အချက် များကြောင့် ထိုလူသားလေးတွင် သူ၏ သွေးသားအသက်လေးရှိနေပြီးဆိုတာသိလိုက် ရချင်ပင် ကျွန်တော့်၏ ခြေလှမ်းများက ထိုလူသားလေးဆီသို့ လှမ်နေမိပြီးဖြစ်သည်။

စားသောက်ဆိုင်တွင် "ကြယ်"ဆိုသည့် ထိုလူသား လေးအလာအားစောင်နေစဉ် တံခါဖွင့်သံနှင့်အတူ မိခက်ဖြစ်သူလက်ကိုဆွဲကာ အခန်းထဲသို့ ဝင်လာပြီး ရုတ်တရက် ကျွန်တော့်အားတွေ့ပြီး မျက်ဝန်းများပြူးကျယ်ကာ အံ့သြေထိန့်လန့်ပြီး ကြောက်ရွံ့သွားသည့်မျကနှာလေးကြောင့် ကျွန်တော့်ရင်ထဲ ဆစ်ကနဲနာကျင်သွားရသည်။

" ထိုင်ကြပါ "
ကျွန်တော်ပြောလိုက်သော်လည်း ထိုလူသားလေး မှာ ကျွန်တော့်အရှေ့မှ ထွက်ပြေးချင်နေသည့်ဟန်ဖြစ်နေသည်။
" အမေ သားတို့ပြန်ရအောင်နော် သားဒီမှာ ရှိမနေချင်တော့ဘူးအမေ "
" သား... သာတို့ဘာကိစ္စမှန်းအမေမသိပေမယ့် တစ်ဖက်လူရဲ့ပြောတာကိုနားထောငိပြီး မှန်၏ မှား၏ ဆုံးဖြတ်ပေါ့ "
သူမလည်း သား၏ကြောက်ရွံ့နေသောပုံစံကြောင့် အနည်းငယ်တော့ရိပ်မိနေသည်။ ထို့အတွက် သားကို နားလည်အောင်ပြောဆိုပြီး တစ်ဖက်က လူကိုအကဲခတ်မိတော့ စိတ်မကောင်းဟန်ရှိနေသည်ကို တွေ့လိုက်ရသည်။

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Où les histoires vivent. Découvrez maintenant