Part - 4

409 20 0
                                    

ကျွန်တော်နိုးလာသည့်အချိန်တွင် ညနေပိုင်းသို့ ရောက်ရှိနေပြီးဖြစ်သည့်အတွက် ရေမိုးချိုးကာ ဆာလောင်နေသည့်ဗိုက်ကိုဖြည့်ရန်အတွက် အိမ်၏အောက်ထပ်သို့ ဆင်းလာခဲ့ပြီး ထမင်း စားခန်းသို့ တန်းမတ်စွာသွားလိုက်သည်။

ထမင်းစားခန်းထဲအရောက်
" အကိုလေး ဘာလိုလို့လဲဟင် မိချို ဘာလုပ်ပေးရမလဲ "
" ဟိုလေ ကျွန်တော်ဗိုက်ဆာလို့ အဲ့တာလေ... "
" အကိုလေးဘာစားချင်လို့လဲဟင် အဆာပြေ တစ်ခုခုစားမလား "
" ဟုတ် အဆင်ပြေမယ်ဆိုရင်လေ ကျွန်တော်
တစ်ခုခုစားလို့ရမလား "
" ခဏလေးဘဲစောင့်ပေးတော်အကိုလေး "

မိချိုတစ်ယောက်ပြောပြီးသည်နှင့် နွားနို့ကို ကျိုပြီး ကိတ်မုန့်လေးကို ပြင်ဆင်နေတော့သည်။
ထိုအချိန် သူ့အနားသို့ လူတစ်ဦးရောက်လာသဖြင့် မော့ကြည့်လိိုက်စဉ် အန်ကယ်လ် ဘုန်းမင်းနိုင် အားတွေ့လိုက်ရသည်။ အန်ကယ်မှ

" သားလေး ဗိုက်ဆာလို့လား "
" ဟုတ်ကဲ့ အန်ကယ်လ် "
" အန်ကယ်လ်လို့မခေါ်ပါနဲ့ သားရယ် အဖေလို့ဘဲ
ခေါ်ပါသားရယ် "
" ဟုတ်ကဲ့ အဖေ "
" သားရဲ့ ကိုယ်ဝန်က ဘယ်နှလရှိပြီးလဲ သား "
" ၃ ပတ်ရှိနေပြီးအဖေ "
" ဟုတ်လား အော်အဖေပြောဖို့မေ့နေတာ "
" ဟုတ် ပြောပါအဖေ "

ထိုအချိန် မိချိုလည်း နွားနို့နှင် ကိတ်မုန့်အား သူစားရန်အတွက် လာချပေးလေသည်။

" ကဲသား အရင်စားလိုက် စားရင်နဲ့ပြောကြတာပေါ့ "

အစားအသောက်မြင်သည်နှင့် မျက်လုံးအရောင် လေးလဲ့သွားပြီး အပြုံးသေးသေးလေးပေါ် လာသည့် သမက်ကလေးအား ဦဘုန်းမင်းနိုင်မှာ အသည်းတစ်ယားယားဖြစ်နေတော့သည်။

ထိုစဥ်
" ငုဝါလာလေ "
ကလေးငယ်လေးက သူ့အမေ၏အမည်ကိုကြားသည်နှင့် ချက်ချင်းခေါင်းလေးမော့ကာ အမေဖြစ်သူအား ပြုံးပြနေတော့သည်။

" သားလေး အမေ မနက်ဖြန်ကစပြီး တရားစခန်း ဝင်တော့မလို့ အဲ့ဒါသားကိုအသိပေးတာ "

" ဘာဖြစ်လို့လဲဟင် သားကိုမချစ်တော့လို့လား "
မျက်ရည်လေးတွေရစ်သိုင်းလာပြီး ပြိုတော့ မည့်မိုးတိမ်အလား။

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Hikayelerin yaşadığı yer. Şimdi keşfedin