Part - 11

375 18 0
                                    

Unicode

တိမ်ဝဠာယံတစ်ယောက် ဝန်ထမ်းကောင်လေးပြောလိုက်သည့်စကားကြောင့် စည်းဝေးခန်း အတွင်းမှပြေးထွက်သွားတော့သည်။

ကားပေါ်တွင် ဆေးရုံရောက်ရန်အတွက်သာ စိတ်စောနေပြီး အမြန်ဆုံးအရှိန်ဖြင့် ဆေးရုံသို့ မောင်းနှင်နေသည်။ ဆေးရုံရောက်သည်နှင့်

" Boss ကြယ်လေးက အရေပေါ်ခန်းထဲမှာ ကုသနေရတုန်းဘဲ "

သူတို့လည်း အရေးပေါ်ကုသဆောင်သို့သာ သွားလိုက်ကြသည်။ အရေးပေါ်ကုသဆောင်ရှေ့ ရပ်စောင့်နေစဥ်

" မဟော် ကြယ်လေးကို လုပ်တဲ့သူကော "

" မြေအောက်ခန်းထဲမှာပါ Boss "

" Ok ဘယ်သူ့လက်ချက်လည်းဆိုတာ သေချာစုံစမ်းပေး "

" ဟုတ်ကဲ့ပါ Boss "

မဟော်ဆိုသည်မှာလဲ တိမ်ဝဠာယံရဲ့ အယုံကြည်ရဆုံး လက်ရဲဇက်ရဲ လက်ရုံးတစ်ယောက်ဖြစ် သည်။ လူကသာဖြူသေးသေး ဘာမှကို ကြောက်လန့်တွေဝေနေခြင်းမရှိသော လူတစ်ယောက်ဖြစ်သည်။

ထိုအချိန်အရေးပေါ်ခန်းထဲမှ ဆရာဝန်တစ်ယောက်ထွက်လာသဖြင့် တိမ်ဝဠာယံမှ

" ဆရာ ကြယ်လေးအခြေအနေဘယ်လိုလဲ "

" ဟုတ်ကဲ့ လူနာကအဆင်ပြေသွားပါပြီး လူနာက ကိုယ်ဝန်ရှိနေတာနော် "

" ဟုတ်ကဲ့ ကလေးကော ဆရာ "

" လူနာက ကလေးကိုကာကွယ်နိုင်ခဲ့တယ် သူ့ရဲ့ ကိုယ်ဝန်မထိခိုက်အောင် ကာကွယ်လို့ လူနာရဲ့ လက်ကျိုးသွားတယ် နံရိုးလည်းကျိုးသွား တယ် ဂရုစိုက်ပါဗျာ ခွင့်ပြုပါဦး "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ "

သူတို့လဲ ကြယ်လေးရှိရာ VVIP အခန်းသို့ထွက်လာခဲ့ကြသည်။ ကြယ်လေးရဲ့အခြေအနေ စိတ်ချရမှသာ အဖေ့ဆီအကြောင်းကြားလိုက်သည်။ အခန်းထဲရောက်သောအခါ

" ကလေး သက်သာလားဟင် နာနေသေးလား "

" သက်သာပါတယ်ကိုကို "

" ... "

" တောင်းပန်ပါတယ် ကျွန်တော့်ကြောင့် အလုပ်ရှုပ်သွားကြပြီး ဟင့် "

ရင်ခုန်သံနှောင်ကြိုးလေး (Complete)Onde histórias criam vida. Descubra agora