နာကျင်မျက်ရည်(2)- part(3)

15 4 1
                                    

နာကျင်မျက်ရည်(2)- part(3)

နာရီကိုကြည့်တော့ အချိန်က ည ၈နာရီထိုးနေပြီ။ ထိုစဉ် ဖုန်းသံမြည်လာလို့ မင်းခ ကြည့်လိုက်တော့ ရှိုင်းဆီကဖြစ်နေသည်။

စိတ်ထဲ အရမ်းပျော်သွားပြီး ချက်ချင်းကောက်ကိုင်လိုက်သည်။

"ဟဲလို...အာပူကျူး"

"ဟဲလို ရှိုင်း.... မင်းအဆင်ပြေရဲ့လား....
ငါမပါတော့ မင်းအတွက် လိုအပ်တာတွေကို သူတို့ဘက်က လုပ်ပေးရဲ့လားဟင်..."

"ဖြေးဖြေးမေးပါကွာ...မောနေပါဦးမယ်... ငါ အကုန်အဆင်ပြေတယ်..."

" အင်းပါ.... ငါကစိတ်ပူလို့ပါ.... ဒါနဲ့...
မော်ဒယ်လ်ကောင်မလေးတွေကကော
လှလား..."

" လှတာပေါ့...အရမ်းလှ..."

"ဘာ..." ညီမင်းခက ဒေါသတကြီးနဲ့အော်လိုက်သည်။

"အမယ်လေးဗျ...နားစည်တွကွဲတော့မယ် ဖြေးဖြေးပြောပါ..."

" လှတယ်ဆိုတော့ လိုက်ကြည့်နေလို့ပေါ့...."

"ဟီးဟီး...နည်းနည်းပါ..."

"ရှိုင်းနော်... မင်းငါမပါရင် မပါသလို သောင်းကျန်းမယ်တော့ မကြံနဲ့ ..."

" မကြံရဲပါဘူးဗျာ ... ခင်များကိုကြောက်လွန်းလို့....ဒါနဲ့လေ ....ကောင်မလေးတစ်ယောက်ကfanတစ်ယောက်ပါဆိုပြီး သူ့ရဲ့ လိပ်စာcardနဲ့ လက်ဆောင်တွေလာပေးသွားသေးတယ်သိလား...."

" အဲ့တော့ မင်းက ယူလိုက်တာလား..."

" ယူလိုက်ရတာပေါ့ ...ငြင်းတာတောင် အတင်းပေးနေတာကို..."

" ရှိုင်းနော်....ငါ အခုချက်ချင်းလိုက်လာခဲ့ရမလား..."ပြောနေသော ညီမင်းခရဲ့ နှုတ်ခမ်းတွေက ဆူလို့နေပြီ။

" မလိုက်လာပါနဲ့ အာပူကျူးရာ....စ နေတာပါ... သဝန်ကလည်း တိုတက်လိုက်တာ
လွန်ပါလေရောလား... မျက်လုံးထဲမှာ မြင်ယောင်နေတယ်သိလား အခုလောက်ဆို အာပူကျူးရဲ့ မျက်နှာက ငိုမဲ့မဲ့နဲ့ ရှုံ့မဲ့ပြီးတော့ နှုတ်ခမ်းက တစ်တောင်လောက်ထော်နေလောက်မှာ အဟား...." ရှိုင်းက ရယ်ကျဲကျဲနှင့်ပြန်ပြောသည်။

" ဟုတ်တယ် ဘာဖြစ်လဲ... ပြန်လာလို့ကတော့ ငါနဲ့တွေ့မယ်..."

"ကဲပါ... နောက်နှစ်ရက်လောက်နေရင်ပြန်လာတော့မှာ .... အခုမင်းငါ့ကို မလွမ်းဘူးလားဟင်..." ရှိုင်းက လေသံခပ်တိုးတိုးလေးနဲ့မေးတော့

နာကျင်မျက်ရည် (BL Story) Season 2Where stories live. Discover now