နာကျင်မျက်ရည်( 2)- part (6)

12 3 0
                                    

နာကျင်မျက်ရည်( 2)- part (6)

မင်းခတို့ Band အဖွဲ့ရဲ့ ဖျော်ဖြေမှုပြီးသွားတော့ ဧည့်သည်တွေလည်းတဖွဲဖွဲ ပြန်ကုန်ကြပြီ။

မန်နေဂျာ ကတော့ တပြုံးပြုံးနှင့် ညီမင်းခဆီကို ရောက်လာသည်။

" မင်းခရေ.... မမေဥဩရဲ့ အစီအစဉ်ကတော့ တကယ်ကို အောင်မြင်တာပဲ... ဆိုင်မှာ လူတွေကျလိုက်တာမှ မနည်းမနောပဲ သူသာ သိရင် ဝမ်းသာနေမှာ...." မန်နေဂျာ ကိုဇော်မင်း ကပြောသည်။

" ဟုတ်ကဲ့ဂျာရီး ...အခုလို ရောင်းအားတက်လို့လည်း ကျွန်တော်ဝမ်းသာပါတယ်... ကျွန်တော်တို့လည်း ပင်ပန်းခဲ့ရကြိုးနပ်တာပေါ့ဗျာ.... ဒါနဲ့ မမေဥဩက ဘယ်သွားတာလဲ မတွေ့တာ အတော်ကြာပြီနော်....ကျွန်တော် အလုပ်စဝင်တဲ့နေ့ကတည်းကပဲ..." မင်းခက မေးလိုက်တော့

" သူက ရန်ကုန်သွားတယ်လေ.... သူ့မိတ်ဆွေတစ်‌ယောက်ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ သွားတာ..." ကိုဇော်မင်းက ပြန်ဖြေသည်။

ဒါကြောင့် သူအလုပ်ဝင်တဲ့ နေ့ကတည်းက မတွေ့ရတာကို သူသဘောပေါက်သွားသည်။
ဘာပဲ ဖြစ်ဖြစ်သူမအလုပ်ခန့်ခဲ့တဲ့သူဟာ ထိုက်တန်ကြောင်း အလုပ်နဲ့ သက်သေမပြလိုက်ရလို့ စိတ်ထဲတော့ မကျေမချမ်းဖြစ်မိသည်။

" ကဲ.... မင်းခ ....ဒါ မင်းတို့အားလုံးအတွက်မုန့်ဖိုး.... တစ်ယောက် နှစ်သောင်းစီခွဲပေးလိုက်...မင်းကတော့ ငါးသောင်းယူ...." ဂျာရီးက ပြောပြီး သူ့လက်ထဲကို ပိုက်ဆံတွေ ထိုးပေးသည်။

သူ့ကို ပိုက်ဆံပိုပေးရခြင်း အကြောင်းကို မင်းခ အလိုလိုသဘောပေါက်သည်။

တကယ်ဆိုလျှင် ဒီနေ့ညအတွက် ရောင်းအားကြောင့် အမြတ်ငွေ နှင့် ဆုချထားသည့်ငွေက သူတို့ရတဲ့ မုန့်ဖိုးနဲ့ ယှဉ်လျှင် ဆယ်ဆနီးပါးလောက်ကွာခြားသည်။

ခေါင်းပုံဖြတ်မှုဆိုတာကို ညီမင်းခ တစ်ယောက် "ပြောမယုံကြုံဖူးမှသိ" ဆိုသည့်အတိုင်းမျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ။

ချွေးသိပ်သည့်အနေနဲ့ တစ်ယောက် မုန့်ဖိုး
နှစ်သောင်းခွဲပေး၍ သူဌေးကိုတော့
အဲ့ထက်မက စာရင်းတင်မှာကို စည်သူပြောပြထားလို့
မင်းခ ကြိုပြီးသိနှင့်ခဲ့သည်။ အခုလည်း
တစ်ခြားသူတွေကို ပေးသလောက်နှင့်ကျေနပ်အောင် နှုတ်ပိတ်ဖို့ မင်းခကို လာဘ်ထိုးသည့်သဘောပင်ဖြစ်သည်။
ထိုပိုက်ဆံတွေကို သူယူဖို့ စိတ်ကူးမရှိ။ထို့ကြောင့်

နာကျင်မျက်ရည် (BL Story) Season 2Where stories live. Discover now