နာကျင်မျက်ရည်( 2)- part (9)

16 3 0
                                    

နာကျင်မျက်ရည်( 2)- part (9)

ရှိန်း စိတ်ထဲ ဘယ်လိုမှ ဘဝင်မကျနိုင်ပေ။
မင်းခရဲ့ လိပ်စာကို ရှိန်းစုံစမ်းပြီး ရောက်ရှိလာခဲ့သည်။ လမ်းထိပ်မှာ ကားခဏရပ်နေတုန်း မင်းခကို တခြားသူတစ်ယောက်နှင့်တွေ့တာမို့ ရှိန်းကားပေါ်က မဆင်းဘဲ ကြည့်နေခဲ့သည်။

သူတို့နှစ်ဦးက တစ်ဦးကို တစ်ဦး သိပ်ကိုရင်းနှီးလွန်းနေကြသလိုခံစားရသည်။

ယောက်ျားလေး သူငယ်ချင်းနှစ်ယောက်ဟု ပြောရလောက်အောင်လည်း အဲ့ဒီထက်ပိုသော ဆက်ဆံရေးရှိနေဟန်ရသည်။

တစ်ယောက်နှင့်တစ်ယောက်ပြုံးရယ်ပြီးစကားပြောနေတာကိုကြည့်ရင်း ရှိန်းရဲ့စိတ်တွေခက်ထန်မာကျောလို့လာသည်။ ဒေါသတွေက တငွေ့ငွေ့နှင့်တက်လာသလို မဆီမဆိုင် စတီယာတိုင်ကို လက်နဲ့ ပုတ်လိုက်မိသေးသည်။

ကားထွက်ခါနီးအထိ မခွဲနိုင်မခွာရက် ရယ်မော ပြီး စကားပြောနေကြသည့် မြင်ကွင်းကိုသူ ဆက်ကြည့်နေသည်။
Taxi ထွက်သွားတော့ လည်း လက်ပြပြီးနှုတ်ဆက်နေသော ရှိုင်းကိုစိုက်ကြည့်ရင်း လီဗာကို ဖိနင်းလိုက်သည်။

သူ့ဆီကို ကားတစ်စီးအရှိန်နှင့်မောင်းလာတာကို ရှိုင်းသတိထားမိသွားသည်။ ထို့ကြောင့်နံဘေးကို လှဲချပြီးရှောင်လိုက်ရသည်။

ကားသမားကတော့ သူ့ကို ပွတ်တိုက်ဖို့ကြံရွယ်ဟန်ရပြီး သူမဟုတ်သလို ဆက်ပြီးမောင်းသွားပြီ။

ကားမတိုက်မိသွားပေမယ့် ဘေးကိုရှောင်လိုက်တော့ တံတောင်ဆစ်က ပေါက်ပြဲသွားသည်။

"အားလားလား....နာလိုက်တာ...." ရှိုင်းရေရွတ်မိသည်။

သူ့ကို ဘေးက လူတချို့က လာထူပေးကြသည်။

"ငါ့တူရယ်... မသေကောင်းမပျောက်ကောင်း
အဲ့ဒီကားက မင်းဆီကိုတည့်တည့်လာတာသိလား..."

" အေး... ဒီလိုကားမျိုးကို ရပ်ကွက်ထဲလည်း
မတွေ့ဖူးဘူး....ကြည့်ရတာ တခြားရပ်ကွက်က ထင်တယ်.... သူများရပ်ကွက်လာပြီး ရမ်းကားနေတာကွာ..."လာထူပေးသည့် လူကြီးတွေက ဒေါထွက်လို့နေကြသည်။

"ငါ့တူလာ... ဦး‌လေးတို့ ဆေးခန်းလိုက်ပို့ပေးမယ်..."

"ဟုတ်ကဲ့ဗျ... ကျေးဇူးအများကြီးတင်ပါတယ်...." ရှိုင်းလည်း ပြန်ပြောပြီး ဆေးခန်းကို လိုက်လာခဲ့သည်။

နာကျင်မျက်ရည် (BL Story) Season 2Where stories live. Discover now