နာကျင်မျက်ရည်( 2)- part (8)

16 3 0
                                    

နာကျင်မျက်ရည်( 2)- part (8)

" ဒီနေ့ ပန်းစည်းကို မယူချင်ယူချင်နဲ့ ယူရတဲ့ မင်းမျက်နှာ ဆူပုတ်ပုတ်ကလေးက သိပ်ကိုချစ်စရာကောင်းတာပဲ..."ရှိန်းတစ်ယောက်တည်းစကားတွေပြောနေမိသည်။

" မင်းက မမျှော်လင့်ဘဲ ငါ့ရင်ထဲကို တဖြည်းဖြည်းနဲ့တိုးဝင်လာနေပါလား
ကောင်လေးရာ...." ရှိန်း ရင်တွင်းစကားဆိုမိသည်။

တကယ်တော့ ရှိန်းဟာ မင်းခကို လေဆိပ်မှာ ပထမဆုံးတွေ့ခဲ့တာက  Shopping center
တစ်ခုမှာဖြစ်သည်။

Fashionဆိုင်တစ်ခုမှာဝင်ပြီးအင်္ကျီတွေရွေးနေသော မင်းခ က အင်္ကျီလေးတစ်ထည်ကို မြှောက်ကြည့်ရင်းပျော်ရွှင်နေသည်။

ပျော်ရွှင်ပြီးပြုံးနေသော မင်းခရဲ့ အပြုံးက ရှိန်းအမှတ်မထင်မြင်တွေ့လိုက်ရသည်။
ချစ်စရာကောင်းသော မင်းခရဲ့အပြုံးလေးက ကြည့်နေသည့်သူ့ကိုပါ အလိုလို လိုက်ပြုံးမိသွားစေပြန်သည်။

မင်းခကအင်္ကျီလေးကို ပြုံးလျက်ကြည့်နေပြီး ဈေးနှုန်းတံဆိပ်ကိုကြည့်ကာစိတ်မကောင်းဖြစ်သွားသည်။

အင်္ကျီက Brand မို့ဈေးအတော်လေးများသည်။

ရှိန်းက နေကာမျက်မှန်လေးကိုပင့်ပြီး
စိတ်ဝင်တစားဆက်ကြည့်နေသည်။
မင်းခက ပိုက်ဆံအိတ်ကလေးကိုကြည့်လိုက် အင်္ကျီလကိုကြည့်လိုက်နှင့် အတော်လေးစဉ်းစားနေဟန်ရသည်။

ထို့နောက်သူယူဖို့ ဆုံးဖြတ်လိုက်ပြီး ကောင်တာမှာ ငွေရှင်းသည်။

ကောင်တာမှ အရောင်ဝန်ထမ်းမလေးက

"မောင်လေးအစမ်းဝတ်ကြည့်ဦးမလား..."
လို့မေးတော့

"ရပါတယ် ... တခြားတစ်ယောက်အတွက်ပါ" လို့ ပြန်ဖြေသည်။
ထို အဖြေကိုကြားတော့ ရှိန်းရဲ့ မျက်ခုံးတွေက တွန့်ကွေးသွားသည်။

ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးဝတ်အင်္ကျီကို တခြားသူအတွက်ဝယ်ပေးသည်တဲ့။ ဘာအဓိပ္ပာယ်များလဲ။
ပိုက်ဆံ ခက်ခဲနေတာကိုတောက် ဒီအင်္ကျီကို ဝယ်တယ် ဆိုတော့ ဝယ်ပေးတဲ့သူက
သူ့အတွက် ဘယ်လောက်အရေးကြီးတဲ့သူမို့လို့လဲ ရှိန်း တစ်ယောက်တည်းတွေးနေသည်။

နာကျင်မျက်ရည် (BL Story) Season 2Where stories live. Discover now