နာကျင်မျက်ရည်( 2)- part (7)

16 4 1
                                    

နာကျင်မျက်ရည်( 2)- part (7)

သီချင်းဆိုနေသည့် မင်းခ ကို ပန်းစည်းပေးတော့ အာက်က ပရိတ်တွေက လက်ခုပ်တွေတီးကြသည်။

မင်းခ မယူချင်ဘဲ ပန်းစည်းကို လက်ခံလိုက်ရသည်။ မယူလိုက်လျှင် မင်းခက မာနကြီးပြီးကိုယ့်ပရိတ်သတ်ကို စော်ကားသည်ဟု ပြောကြပေဦးမည်။ ထို့ကြောင့် လက်ခံထားလိုက်ရသည်။

သီချင်းဆိုနေသော မင်းခရဲ့ နားရွက်နားကို ဖြည်းဖြည်းချင်းကပ်လာပြီး

" ကို့နာမည်က ရှိန်း...." ဟု ခပ်တိုးတိုးလေးပြောသွားသည်။

နာမည်လိုက်အောင် မင်းခရင်ထဲ ရှိန်းသွားသလို ဒေါသတွေလည်း ထွက်လာသည်။

သီချင်းဆိုပြီး နားနေခန်းကို ရောက်တော့
ပန်းစည်းကို ဒေါသတကြီး အားကုန်ပစ်ပေါက်ပစ်လိုက်သည်။

အားလုံးက မင်းခကို အံ့ဩသည့်မျက်လုံးတွေနှင့် ငေးကြည့်နေကြတာကို မင်းခသိသည်။

" မင်းခရယ်.... ကိုယ့်ပရိတ်သတ်က လက်ဆောင်ပေးတာကို ဘာလို့ဒေါသထွက်နေရတာလဲ...." စည်သူမောင်မောင်က ပြောတော့

" စည်သူ သူ့က ပရိတ်သတ်ဆိုတာကို ခုတုံးလုပ်ပြီး ငါ့ကိုလာချိုးသွားတာ... ဘာတဲ့
အဲ့ကောင်နာမည်က ရှိန်းတဲ့...." မင်းခက ‌ပြန်ပြောသည်။

Dancerအဖွဲ့ထဲမှ တစ်ယောက်က

"ဟင်....ရှိန်းတဲ့လား.... ရှိန်းဆိုတာ Grand Ace Villa ပိုင်ရှင်ရဲ့သား ရှိန်းဆက်နောင် များလား..." ဟု ဝင်ပြောလိုက်သည်။

" Grand Ace Villa ဟုတ်လား ...
သူ့ ‌အကြောင်းကိုငါ ကြားဖူးတယ်
High boss ကြီးရဲ့သားဆိုတော့ နာမည်ကြီးတယ်လေ .... ရုပ်ကလည်း ရှယ်လန်း... Modelလုပ်လို့ရရဲ့သားနဲ့ သူက စိတ်မဝင်စားလို့သာရယ်..."

" ဒီလောက် ချမ်းသာတာ ဘာလို့ Modelလုပ်မှာလဲ နင်ကလည်း...." ကောင်မလေးတွေ အချင်းချင်းပြောနေကြသည်။

" သူက ဒီကို ဘာလာလုပ်တာလဲ...."

"ဒီလာမှတော့ Stage show လာကြည့်တာနေမှာပေါ့..."

"သူလာကြည့်တဲ့အချိန်ကလည်း မင်းခ တက်တဲ့ အချိန်ကြည့်ပဲ..." ကောင်မလေးတွေ နောက်တော့ မင်းခပိုပြီး ဒေါသထွက်လာသည်။ ထို့ကြောင့် ထိုနေရာကနေ ချာခနဲ လှည့်ထွက်လာခဲ့သည်။

နာကျင်မျက်ရည် (BL Story) Season 2Where stories live. Discover now