နာကျင်မျက်ရည်(2)- part (5)

17 2 2
                                    

နာကျင်မျက်ရည်( 2)- part (5)

မင်းခအလုပ်ဝင်တာ လေးရက်မြောက်သည့်နေ့တွင် Band နှင့် Dancer groupစတင်ကြရသည်။ ထိုနေ့တွင်ဖွင့်ပွဲ ရှိသည်ဆိုသည့်အတွက် ဆိုင်မှာလည်း လူက
အတော်ကျလို့ပင်။

မင်းခက Dancerအဖွဲ့နှင့် Band နှစ်ခုစလုံးကို ဦးဆောင်တာမို့ အလုပ်တွေက ရှုပ်လို့နေသည်။

ဆိုင်ကိုလာသည့် ဧည့်သည်တွေကလည်း မင်းခတို့ကို တစ်ခဲနက်အားပေးကြသည်။

စည်သူက အလုပ်ရှုပ်နေသော မင်းခကို ကြည့်ပြီး သဘောကျစွာ ပြုံးသည်။

"မင်းခ ...အလုပ်တွေ တအားရှုပ်နေပြီလား..."

"ဟုတ်တယ် စည်သူရာ...."

"မင်းတို့အဖွဲ့ကောင်းလို့ ငါလည်း လက်မလည်ဘူး စားပွဲလိုက်ထိုးနေရတာ..."

" ဟဲဟဲ.... ငါခဏနေရင်Groupနဲ့ကပြီးရင် သီချင်းဆိုမှာငါ့အလှည့်ရောက်လာပြီ..."

" ဟုတ်လား ငါ ဆုတက်မချနိုင်ပေမယ့်Stage အောက်ကနေအားပေးနေမယ်နော်..."

" Thanks youသူငယ်ချင်း....
ငါသွားတော့မယ်..." မင်းခက နှုတ်ဆက်ပြီးထွက်သွားသည်။

မင်းခဟာ နဂိုကတည်းက Dancerသင်တန်းတက်ပြီး ပြိုင်ပွဲပါဝင်ထားသူမို့ မြူးကြွသော သံစဉ်တွေနဲ့အတူ သွက်လက်တက်ကြွသည့် ကကွက်ဆန်းများဖြင့် ကပြနေသည်။

အဖွဲ့ဝင်တွေကလည်း မင်းခနှင့်အတူ
လေ့ကျင့်ထားတာကြောင့် ညီညာစွာ တင်ဆက်နိုင်ခဲ့သည်။

Stage အောက်က ပရိတ်သတ်တွေဟာလည်း မြူးကြွသော ကကွက်များကိုကြည့်ပြီး ယိမ်းနေကြသည်။

ထောင့်တစ်ထောင့်မှ စားပွဲဝိုင်းမှာ Smartကျပြီး စတိုင်ခပ်မိုက်မိုက်နှင့်လူတစ်ယောက်က ထိုင် နေသည်။

မင်းခ ကကွက်ကို အဆုံးသတ်လိုက်သည်နှင့်တစ်ပြိုင်နက် အောက်က ပရိတ်သတ်တွေက
မတ်တပ်ရပ်ပြီးလက်ခုပ်တွေတီးကြသည်။

" သားရီး Leaderက ကသွားတာ တော်တော်Professionalကျတယ်နော်..."

"အေးကွ leader လို့ကိုမပြောရဘူး ထင်းထွက်နေတာပဲ..."

" ဟဲ့ကောင်မ.... ခေါင်းဆောင်က အဆင်လေးနော်.... ကတာလည်းကောင်းရုပ်ကလေးကလည်းချောပါ့..."

နာကျင်မျက်ရည် (BL Story) Season 2Where stories live. Discover now