🌼 Ch-9

1.3K 107 5
                                    

[Zawgyi]

Kim မသိစေချင်ခဲ့သော အကြောင်းအရာအား စုံစမ်းသိရှိချိန်တွင် သူ ကူညီနိုင်မည့် တစ်စုံတစ်ရာ မဟုတ်ကြောင်း ဝမ်းနည်းစွာ လက်ခံမိသည် Kim Company ၏ အကျပ်အတည်းပြဿနာများ ကြားတွင်  စိတ်ပင်ပန်းကာ တနေ့တခြား ပိန်လာသော Kim ကို မြင်နေရသည်မှာ သူ့ရင် အလုံးစုံနာကျင်ရသည် Kim သည် လွယ်ကူသောလမ်း ရှိပါလျက်နှင့် ခက်ခဲသောလမ်း ကို ရွေးချယ်ခြင်း သည် သူ့ကြောင့် ဟု သိရှိရချိန် ဝမ်းနည်းဝမ်းသာ ခံစားချက်တို့ဖြင့် ရောထွေးသည် Kim ၏ အမည်ဖော်ခွင့် မရှိသော တစ်စုံတစ်ယောက် ဖြစ်ရခြင်းကို သူ ဂုဏ်ယူတတ်ပြီ နောက်ဆုံးတွင် သူ သည် Kim လိုအပ်ချိန် ဘေးနားတွင် ‌ဖေးမကူညီရခွင့်ရခြင်းအား ကြီးမားသော ဆုလာဘ် တစ်ခု အဖြစ် ခံစားမိလာသည်

ဒီဇင်ဘာလ ၏ နှင်းမိုး ရွာသောရက်တစ်ရက် တွင် Kim သည် ရုံးခန်းထဲတွင် ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်နေသည် သူ သည်လည်း Kim မျက်နှာချင်းဆိုင် တွင် ငြိမ်သက်စွာ ထိုင်နေပြီး ပြောလာမည့်စကား အား နားစွင့်နေမိသည်  တစ်စုံတစ်ခု ကို ပြောထွက်ရန် ကြိုးစားနေပုံရသော Kim မျက်နှာထက်တွင် သူ့အတွက် စိတ်မကောင်းဟန် အရိပ်များ ပြေးနေသည်

"Jeon ငါ လက်ထပ်ရတော့မယ်"

"ဪ"

"ဒါပေမဲ့ ဒါက စီးပွားရေး အရ ဟန်ဆောင်လက်ထပ်တာပါ မင်း က ငါ့ Bodyguard ဆက်လုပ်ပေးရမယ်"

"ဘယ်သူနဲ့လဲ Kim"

"Yoo Seung Ho နဲ့"

"ဪ"

ကိုးရီးယား နိုင်ငံ ရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသည့် Yoo Group နဲ့ Kim Group ပေါင်းစည်းကြမည့် အရေး တွင် သူ့အနေ နှင့် မည်သည့်အကြောင်းတစ်စုံတစ်ရာ ဖြင့် ကန့်ကွက်ခွင့် ရှိမည်နည်း
Kim သည် သူ့အား အနားတွင်ထား၍ တမြေ့မြေ့ လောင်ကျွမ်းနေစေချင်ပုံရသည် Kim မျက်နှာထက် က သူ့အား သနားအားနာရိပ်များ ကိုတော့ ယခုအခါတွင် စိုးစဉ်းမျှသဘောမကျပါ သူ သည် Kim နှင် ရင်တောင် ထွက်ခွာသွားမည့် သူမျိုး မဟုတ်ပါ

ခမ်းနားကြီးကျယ်သော လက်ထပ်ပွဲကြီး
သူ ရဲ့ Kim နှင့် သူ မဟုတ်သော တခြားအမျိုးသား တစ်ယောက် ၏ လူသိရှင်ကြား ထိမ်းမြားခြင်း
Kim ၏ အထူး Bodyguard အနေဖြင့် သူ သည် Kim မမြင်ရသော ခပ်လှမ်းလှမ်း တွင် စောင့်ကြပ်သည် လျှောက်လှမ်းလာသော Kim နှင့်   Kim ၏ သတို့သား တို့ ခြေလှမ်းများသည် သူ့ ရင် ကို တဆစ်ဆစ် နာကျင်စေသည် မျက်ဆန်သေများ ဖြင့် Kim သည် မရယ်မပြုံး မျက်နှာဖြင့် ရှိသော်လည်း သတို့သား ၏ မျက်ဝန်းအိမ်တွင် ပျော်ရွှင်ကြည်နူးရိပ် ကို တွေ့ရချိန် သူ ၏ စိုးထိတ်စိတ် တို့ တရိပ်ရိပ်တက်၏ 

🌼Fragile Kim🌼 CoMpLeTeDNơi câu chuyện tồn tại. Hãy khám phá bây giờ