🌼 6

1.4K 113 3
                                    

[Unicode]
မေးခွန်းမေးတာ မကြိုက်သော ထိုလူ နှင့် စကားပြောရတာ မကြိုက်သော သူ တို့ နှစ်ဦးသား ဆက်ဆံရေး တွင် မည်သည့် အက်ကြောင်း တစ်စုံတစ်ရာမျှ မရှိခဲ့ပါ ထိုလူ နှင့် သူ ၏ ပတ်သတ်မှု သည် နေ့ရက်တိုင်း ၏ ညခင်းပိုင်း သာ ဖြစ်သောကြောင့် ထင်

ရက် မှ လ ပြောင်း လ မှ နှစ် ပြောင်း အချိန်များ ကုန်ခြင်း မြန်သော်လည်း သူ နှင့် ထိုလူ ကြား ရှိ ဆက်ဆံရေး သည် အရင်အတိုင်းပင် ဖြစ်သည် ထပ်တိုးလာသည့် အရာတစ်ခုသည်ကား သူ သည် ထိုလူ နှင့် နမ်းပြီးလျှင် ခပ်ဝေးဝေးတွင် စီးကရက် ရှိုက်ဖွာရင်း ထိုလူ့အား ငေးကြည့်နေမိခြင်း ပင် ငေးကြည့်နေရင်း နှင့်ပင် ပိုတိုး၍ ကြည့်ချင်လာသော စိတ်ဆန္ဒ တို့ ဖြစ်တည်သည် လူ၏ လိုအင်ဆန္ဒ ဟူသည် အဆုံးမရှိ လင့်ကစား သူ သည် လူ ထဲမှ လူ ဖြစ်သည့်အတွက် ရနေရင်းနှင့်ပင် ပိုလိုချင်မိသည် နေ့စဉ် အချိန်တစ်ခုကြာ တွေ့ခွင့်ရနေသော်ငြား ထို့ထက်ပို၍ တွေ့မြင်ချင်သည် ထိုလူ၏ လည်ပိတ် အင်္ကျီ‌အောက်ရှိ သူ နမ်းခွင့်မရဖူးသော ညှပ်ရိုး တို့အား ထိတွေ့ချင်မိသည် ကျော့ရှင်းဟန်ရှိမည့် လည်ပင်းသား တို့ထံ သူ့နှုတ်ခမ်း တို့ ခေတ္တ အလည်သွားချင်မိသည် သူ နေ့စဉ်ထိတွေ့ခွင့်ရသော မျက်နှာပြင်ရှိ အစိတ်အပိုင်းများအားလည်း မက်မောနေဆဲ မက်မောနေမြဲ ဖြစ်သည် သူ စားသုံးနေကျ ချိုမြိန်ရစ်မူးဖွယ် အိထွေးထွေး နှုတ်ခမ်း တို့ကိုလည်း ရောင့်ရဲနိုင်ဖွယ်မရှိ ထိုလူ့ထံပါး တစ တစ နှင့် နှစ်မြှုပ်လာ‌‌ခဲ့ခြင်းတွင် သူသည် အသားကျနေခဲ့ပြီး ဖြစ်သည်

တစ်နေ့ ထိုတစ်နေ့ သည် သူ ၏ ခံစားချက် များအား တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားစေခဲ့သည်

ထိုနေ့က ဆုံနေကျ နေရာတွင် အချိန်မှန် သူ စောင့်နေချိန် မှာ ယိုင်နဲ့နဲ့ ခြေလှမ်း များဖြင့် ရောက်လာသော ထိုလူ
ထူးဆန်းစွာပင် မျက်ဆန်သေများ သည် ရီဝေဝေ နဲ့ ရွှန်းလဲ့တောက်ပနေပြီး အရယ်အပြုံးမရှိသော မျက်နှာ တွင် ဝမ်းနည်းကြေကွဲနေသော အရိပ်အယောင်များ တွေ့ရသည်

အဆင်မပြေမှန်း သိသာနေသော ပုံစံ ကြောင့် သူ သည် လောကွတ်ချော်၍ အဆင်ပြေလား မမေးခဲ့ပါ
ဆိုင်ကယ်ပေါ် ခွပြီး စက်နှိုးလိုက်ချိန် တွင် ထိုလူ သည် ထုံးစံအတိုင်း ဆိုင်ကယ်နောက် က ခွထိုင်ကာ သူ့ခါးကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားသည် ထပ်တိုးလာသော အပြုအမူသည် သူ့ကျောပြင်အား မျက်နှာ အပ်ထားခြင်း ဖြစ်သည်

🌼Fragile Kim🌼 CoMpLeTeDTahanan ng mga kuwento. Tumuklas ngayon