[Unicode]
အမုန်းများနှင့် အပြာရောင်ည မှ အစပြု၍ ထိုလူ သည် သူ့အား သဘောကျစရာကောင်းစွာ Jeon ဟု ခေါ်သည် သူ ကတော့ ထိုလူ့အား အရင်ကတည်းက တိတ်တခိုးကျိတ်၍ခေါ်ခဲ့ရသော မြတ်နိုးဖွယ် Kim ဟူ၍ ခေါ်သည် သူ သည် Jeon ဖြစ်၍ ထိုလူ သည် Kim ဖြစ်သည်
ဝေလေလေ လတ်လျားလတ်လျား လုပ်ကာ ဆိုင်ကယ်တစ်စီး ဖြင့် မြို့ပတ်နေတတ်သော သူ သည် နေ့ချင်းညချင်း Kim ၏ Bodyguard များထဲမှ တစ်ယောက်ဖြစ်သွားသည် Kim ရှိရာနေရာတိုင်း သူ ရှိခွင့်ရကာ Kim ၏ ရုံးခန်းထဲသို့ လိုက်ပါခွင့်ရသော တစ်ဦးတည်းသော Bodyguard ဖြစ်သည် အနီးကပ်နေခွင့်ရမှ ပိုမိုသိခွင့်ရလာသော Kim ၏ အကြောင်းများ မျက်စံသေတို့နောက်ကွယ်မှ စိတ်ရှုပ်ထွေးဖွယ်အကြောင်းအရာများ အေးစက်စက်မျက်နှာပြင်အောက်ရှိ နာကျင်ကြေကွဲဖွယ် အရိပ်အယောင်များ သည် သူ တစတစ ဆက်စပ်သိရှိလာရခြင်းပင်ဖြစ်သည်
Kim မသိစေချင်သော အကြောင်း တို့အား မသိဟန်ဆောင်ရခြင်းသည်လည်း သူ ၏ တာဝန်များထဲမှ တစ်ခုဖြစ်သည်Meeting Room ထဲမှ မျက်နှာပျက်ယွင်းစွာ ထွက်လာသော Kim နောက်သို့ မှင်သေသေဖြင့် သူလိုက်ရသည် သူသည် Kim ရုံးခန်းရှေ့တွင် အလိုက်သိစွာဖြင့် ရပ်ကျန်နေခဲ့ပြီး အထဲဝင်သွားသော Kim အပေါ် စိတ်ပူပန်မှုများအား မသိသာအောင် မျက်နှာတည်ဖြင့် အခန်းဝ တွင် မတ်တပ်ရပ်ကာ နားစွင့်ထားမိသည် အခန်းထဲရှိ ပစ္စည်းတချို့ ကျကွဲသံများ ထွက်ပေါ်လာပြီးနောက် ပြန်လည်တိတ်ဆိတ်သွားပြီး ခဏအကြာ ထွက်ပေါ်လာသော Kim အသံ
"Jeon ဝင်လာလို့ရပြီ"
Jeon ဆိုသော အသံကို ကြားသည်နှင့် သူ သည် အခန်းထဲ သို့ ရောက်နေလောက်အောင်ပင် သူ သည် Kim အား စိုးရိမ်နေခဲ့သည် ဆုံလည်ကုလားထိုင်အား ကျောမှီကာ ခြေပစ်လက်ပစ် ထိုင်နေသော Kim သည် မျက်လုံး အစုံ ကို မှိတ်ထားသည် အခန်းတွင်း ပြန့်ကျဲနေသော ကြွေပန်းအိုး အကွဲစများ ပြန့်ကျဲနေသော စာရွက်စာတမ်းများ ထက်ပိုင်းကျိုးနေသော CEO Kim Tae Hyung ဟု ရေးထားသည့် ဖန်ပြား ရှင်းလင်းရန်ပြင်လိုက်ချိန်တွင် Kim က ထပ်မံတောင်းဆိုလာသည်
"Jeon ငါ့နား ကိုပဲ လာခဲ့ပေးပါလား"
"ကောင်းပြီ Kim"
VOCÊ ESTÁ LENDO
🌼Fragile Kim🌼 CoMpLeTeD
FanficJeon Jung Kook x Kim Tae Hyung Started Date-29.10.2021(Friday) Completed Date-6.1.2022(Thursday)