[Zawgyi]
"Jeon မင္း ဘယ္ က ျပန္လာတာလဲ"
"က်ေနာ္ ဆိုင္ကယ္ စီးၿပီး ျပန္လာတာ"
"မင္း အခုတေလာ ေျခလွမ္း ေတြ အရမ္းပ်က္ေနတယ္ Jeon"
"က်ေနာ္ က အရင္အတိုင္းပါပဲ Kim ေျပာင္းလဲသြားတာ က Kim ပါ"
ဆိုင္ကယ္ေသာ့ ကို ေဝွ႔ရမ္းလ်က္ပင္ Kim ကို ေက်ာခိုင္းကာ သူ႔အခန္းထဲသို႔ ဝင္လာမိသည္ အခန္းထံခါး လွစ္ကာ Kim ကို ခိုးၾကည့္မိေတာ့ ထိုေနရာတြင္ပင္ မတ္တပ္ရပ္လ်က္ ရွိေနဆဲပင္ ျဖစ္သည္ တုန္ယင္လာေသာ ေက်ာျပင္ ကို ၾကည့္ျခင္းျဖင့္ Kim ငိုေနေၾကာင္း သိရသည္ Kim သည္ တခါတရံ သူ ခြန္းတုံ႔ျပန္မိလွ်င္ ဝမ္းပန္းတနည္း ငိုတတ္ပါေသး၏ ထိုေနရာတြင္ပင္ ရပ္၍ ငိုေနေသာ Kim ေၾကာင့္ သူ မည္သို႔ တင္းခံႏိုင္ပါမည္နည္း Kim ဆီသို႔ သြားကာ အေနာက္ကေန ဖက္လ်က္ ရင္ခြင္ထဲ ဆြဲသြင္းမိစဥ္ Kim သည္ သူ႔ ေျပာခဲ့မိသည္အား ေနာင္တတရား တို႔ ျဖစ္ထြန္းေစေသာ စကားတစ္ခြန္း ေျပာ၏
"မင္း က မွ ငါ့ ကို နား မ လည္ ရင္ ဘယ္ သူ က မ်ား ငါ့ ကို နား လည္ ႏိုင္ မွာ လဲ Jeon"
ထို စကားတစ္ခြန္း က ပင္ ဘယ္ေသာအခါမွ Kim စိတ္ဆင္းရဲေစမည့္ အျပဳအမူ အေျပာအဆို ကို ထပ္မလုပ္ေစဖို႔ သူ႔ အား ဆုံးျဖတ္ခ်က္ ခ်ေစသည္ ေအးစက္တတ္ေသာ Kim သည္ သူ ျပန္ေအးစက္မိသည့္အခါ ထိလြယ္ရွလြယ္၏ Kim သည္ သူ႔အား လိုသလို ေစ ႏိုင္ သည္
Yoo သည္ အိမ္ေပါက္ဝ မွ လွမ္းျမင္ေနရေသာ ျမင္ကြင္း ေၾကာင့္ နာက်င္စြာ ၿပဳံးမိသည္ထင္ စီးပြားေရး လိုအပ္ခ်က္အရ ဟန္ေဆာင္လက္ထပ္ထားျခင္း ျဖစ္ေသာ္လည္း Yoo သည္ ဟန္ေဆာင္ခဲ့ျခင္း မဟုတ္ေၾကာင္း ကို သိေစခ်င္လွသည္ သို႔ေသာ္ ယခုအခ်ိန္တြင္ေတာ့ Yoo သည္ တတိယလူ ျဖစ္ရျခင္း ကို မုန္းပါ၏ ျပန္လွည့္ထြက္ခဲ့ေသာ Yoo ၏ ႏွလုံးအိမ္ သည္ တဆစ္ဆစ္ နာက်င္ျခင္း တို႔ ျဖင့္ ျပည့္ႏွက္ေနသည္ တစ္ဖက္သတ္ အခ်စ္ သည္ တစ္ဖက္ ကို သတ္ေၾကာင္း Yoo သိရွိခ်ိန္တြင္ေတာ့ ခ်စ္ျခင္းတို႔သည္ ျပန္လည္ ေနာက္ဆုတ္၍ မရႏိုင္ေတာ့ေပ Kim ဘက္ က ဘာမွ မေျပာလာသ၍ေတာ့ Yoo သည္ မျမင္ခ်င္ မၾကားခ်င္ မသိခ်င္ေယာင္ ေဆာင္ထားဦးမည္ ျဖစ္သည္ Kim သည္ တစ္ခ်ိန္တည္း မွာပင္ ေယာက္်ား ႏွစ္ေယာက္ ၏ အသည္း ကို တၿပိဳင္တည္း ကြဲေစသည္
[Unicode]
"Jeon မင်း ဘယ် က ပြန်လာတာလဲ"
"ကျနော် ဆိုင်ကယ် စီးပြီး ပြန်လာတာ"
"မင်း အခုတလော ခြေလှမ်း တွေ အရမ်းပျက်နေတယ် Jeon"
"ကျနော် က အရင်အတိုင်းပါပဲ Kim ပြောင်းလဲသွားတာ က Kim ပါ"
ဆိုင်ကယ်သော့ ကို ဝှေ့ရမ်းလျက်ပင် Kim ကို ကျောခိုင်းကာ သူ့အခန်းထဲသို့ ဝင်လာမိသည် အခန်းထံခါး လှစ်ကာ Kim ကို ခိုးကြည့်မိတော့ ထိုနေရာတွင်ပင် မတ်တပ်ရပ်လျက် ရှိနေဆဲပင် ဖြစ်သည် တုန်ယင်လာသော ကျောပြင် ကို ကြည့်ခြင်းဖြင့် Kim ငိုနေကြောင်း သိရသည် Kim သည် တခါတရံ သူ ခွန်းတုံ့ပြန်မိလျှင် ဝမ်းပန်းတနည်း ငိုတတ်ပါသေး၏ ထိုနေရာတွင်ပင် ရပ်၍ ငိုနေသော Kim ကြောင့် သူ မည်သို့ တင်းခံနိုင်ပါမည်နည်း Kim ဆီသို့ သွားကာ အနောက်ကနေ ဖက်လျက် ရင်ခွင်ထဲ ဆွဲသွင်းမိစဉ် Kim သည် သူ့ ပြောခဲ့မိသည်အား နောင်တတရား တို့ ဖြစ်ထွန်းစေသော စကားတစ်ခွန်း ပြော၏
"မင်း က မှ ငါ့ ကို နား မ လည် ရင် ဘယ် သူ က များ ငါ့ ကို နား လည် နိုင် မှာ လဲ Jeon"
ထို စကားတစ်ခွန်း က ပင် ဘယ်သောအခါမှ Kim စိတ်ဆင်းရဲစေမည့် အပြုအမူ အပြောအဆို ကို ထပ်မလုပ်စေဖို့ သူ့ အား ဆုံးဖြတ်ချက် ချစေသည် အေးစက်တတ်သော Kim သည် သူ ပြန်အေးစက်မိသည့်အခါ ထိလွယ်ရှလွယ်၏ Kim သည် သူ့အား လိုသလို စေ နိုင် သည်
Yoo သည် အိမ်ပေါက်ဝ မှ လှမ်းမြင်နေရသော မြင်ကွင်း ကြောင့် နာကျင်စွာ ပြုံးမိသည်ထင် စီးပွားရေး လိုအပ်ချက်အရ ဟန်ဆောင်လက်ထပ်ထားခြင်း ဖြစ်သော်လည်း Yoo သည် ဟန်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း ကို သိစေချင်လှသည် သို့သော် ယခုအချိန်တွင်တော့ Yoo သည် တတိယလူ ဖြစ်ရခြင်း ကို မုန်းပါ၏ ပြန်လှည့်ထွက်ခဲ့သော Yoo ၏ နှလုံးအိမ် သည် တဆစ်ဆစ် နာကျင်ခြင်း တို့ ဖြင့် ပြည့်နှက်နေသည် တစ်ဖက်သတ် အချစ် သည် တစ်ဖက် ကို သတ်ကြောင်း Yoo သိရှိချိန်တွင်တော့ ချစ်ခြင်းတို့သည် ပြန်လည် နောက်ဆုတ်၍ မရနိုင်တော့ပေ Kim ဘက် က ဘာမှ မပြောလာသ၍တော့ Yoo သည် မမြင်ချင် မကြားချင် မသိချင်ယောင် ဆောင်ထားဦးမည် ဖြစ်သည် Kim သည် တစ်ချိန်တည်း မှာပင် ယောက်ျား နှစ်ယောက် ၏ အသည်း ကို တပြိုင်တည်း ကွဲစေသည်
YOU ARE READING
🌼Fragile Kim🌼 CoMpLeTeD
FanfictionJeon Jung Kook x Kim Tae Hyung Started Date-29.10.2021(Friday) Completed Date-6.1.2022(Thursday)