🌼 13

1.2K 100 2
                                    

[Zawgyi]

ညဘက္တြင္ အိမ္ျပန္မလာဘဲ မနက္ေစာေစာမွသာ အိမ္ျပန္လာေသာ Kim နဲ႔ ဆုံစဥ္ Yoo က ေမးလာသည္

"ည က ဘာလို႔ ျပန္ မအိပ္တာလဲ Kim"

"အလုပ္ေတြ အရမ္းမ်ားေနတာ နဲ႔ မျပန္ျဖစ္တာ"

"အနည္းဆုံးေတာ့ ငါ့ ကို ဖုန္းဆက္သင့္တယ္မလား"

"ဘာအတြက္လဲ Yoo Seung Ho ငါ ဘာလုပ္လုပ္ မင္း နဲ႔ ဆိုင္တဲ့ ကိစၥ မဟုတ္ဘူးေလ ဒါေတြက အစကတည္းက သေဘာတူညီခ်က္ ယူထားၿပီးသားေတြမလား"

"ဪ ဟုတ္ပါရဲ႕"

Yoo သည္ မ်ားျပားလွေသာ သေဘာတူညီခ်က္မ်ား အား အခုမွ သတိရသြားဟန္ ခပ္တိုးတိုး ေရ႐ြတ္သည္ Kim အေနာက္တြင္ ပါလာေသာ သူ႔ အား ခပ္စိမ္းစိမ္းတစ္ခ်က္ ၾကည့္ၿပီး ကား ေပၚသို႔ တက္ကာ ထြက္ခြာသြားသည္ သူ သည္ Yoo မ်က္ဝန္း ထဲ မွ နာက်င္ရိပ္တစြန္းတစ ကို ဖမ္းမိ၏ Kim သည္ ေဘးနားရွိ သူ မ်ားအား ထိလြယ္ ရွလြယ္ ျဖစ္ေစေၾကာင္းေတာ့ သူ အရင္ကတည္း က သိရွိထားၿပီး ျဖစ္သည္ ရင္ ႏွင့္ ရင္း၍ သိရွိခဲ့ၿပီး ျဖစ္သည္

ယခုအခ်ိန္တြင္ Kim သည္ လက္ထပ္ၿပီး ျဖစ္ေသာ္လည္း Yoo ႏွင့္ အခန္းခြဲေနျခင္း တစ္ခု သည္ သူ႔အား ေျဖသာေစႏိုင္ေသာ အေၾကာင္းတစ္ခု ျဖစ္သည္ Kim သည္ သူ႔ အား ခ်စ္သူ အျဖစ္ အသိအမွတ္ျပဳသ၍ Bodyguard အျဖစ္ ဆက္လက္ခန႔္ထားသ၍ ေတာ့ Kim အနား ရွိေနဦးမည္  Kim ႏွင္ရင္ေတာင္ တြယ္ကပ္၍ ရွိေနဦးမည့္သူ ျဖစ္သည္ သူ႔ အား ၾကည့္ေသာ အဓိပၸါယ္ေပါင္း မ်ားစြာ ပါဝင္ေနသည့္ အၾကည့္မ်ား အားလည္း အံတုႏိုင္ပါ၏ ဂ်စ္ပစီ တစ္ေယာက္ ၏ ခ်စ္ျခင္း သည္ တုႏႈိင္း မရေၾကာင္း Kim ကို သက္ေသျပလိုသည္

Yoo သည္ နာက်င္အက္ကြဲေသာ ရင္ အစုံျဖင့္ Company ႐ုံးခန္း တြင္ ထိုင္ေနမိသည္ Kim ၏ လည္ပင္း တြင္ တစြန္းတစေပၚေနေသာ အမွတ္အသား သည္ Kim ႏွင့္ Bodyguard ၏ ဆက္ဆံေရး ကို ကိုယ္စားျပဳေနသလား Yoo အရင္ကတည္း က Kim အေၾကာင္း ေကာလဟာလ မ်ား ‌ၾကားဖူးေသာ္လည္း မာနႀကီးေသာ Kim သည္ ဘာမွ မဟုတ္ေသာ သူ ႏွင့္ ဆိုသည္ ကို မယုံၾကည္ခဲ့ပါ ယခုမူ ေကာလဟာလ သည္ အမွန္တရား မ်ား ျဖစ္ေနမလား ဟူေသာ စိုးရိမ္စိတ္ဝင္သည္  သို႔ေသာ္ Yoo အေနႏွင့္ Kim အား တစ္စုံတစ္ရာ စြက္ဖက္ပိုင္ခြင့္ မရွိပါ ဘာေၾကာင့္မ်ား Kim ကို သေဘာက်မိသြားသလဲ ေမးလွ်င္ျဖင့္ ရက္စက္တတ္ေသာေၾကာင့္ ဟုသာ ေျဖျဖစ္မည္ထင္

[Unicode]

ညဘက်တွင် အိမ်ပြန်မလာဘဲ မနက်စောစောမှသာ အိမ်ပြန်လာသော Kim နဲ့ ဆုံစဉ် Yoo က မေးလာသည်

"ည က ဘာလို့ ပြန် မအိပ်တာလဲ Kim"

"အလုပ်တွေ အရမ်းများနေတာ နဲ့ မပြန်ဖြစ်တာ"

"အနည်းဆုံးတော့ ငါ့ ကို ဖုန်းဆက်သင့်တယ်မလား"

"ဘာအတွက်လဲ Yoo Seung Ho ငါ ဘာလုပ်လုပ် မင်း နဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ ဒါတွေက အစကတည်းက သဘောတူညီချက် ယူထားပြီးသားတွေမလား"

"ဪ ဟုတ်ပါရဲ့"

Yoo သည် များပြားလှသော သဘောတူညီချက်များ အား အခုမှ သတိရသွားဟန် ခပ်တိုးတိုး ရေရွတ်သည် Kim အနောက်တွင် ပါလာသော သူ့ အား ခပ်စိမ်းစိမ်းတစ်ချက် ကြည့်ပြီး ကား ပေါ်သို့ တက်ကာ ထွက်ခွာသွားသည် သူ သည် Yoo မျက်ဝန်း ထဲ မှ နာကျင်ရိပ်တစွန်းတစ ကို ဖမ်းမိ၏ Kim သည် ဘေးနားရှိ သူ များအား ထိလွယ် ရှလွယ် ဖြစ်စေကြောင်းတော့ သူ အရင်ကတည်း က သိရှိထားပြီး ဖြစ်သည် ရင် နှင့် ရင်း၍ သိရှိခဲ့ပြီး ဖြစ်သည်

ယခုအချိန်တွင် Kim သည် လက်ထပ်ပြီး ဖြစ်သော်လည်း Yoo နှင့် အခန်းခွဲနေခြင်း တစ်ခု သည် သူ့အား ဖြေသာစေနိုင်သော အကြောင်းတစ်ခု ဖြစ်သည် Kim သည် သူ့ အား ချစ်သူ အဖြစ် အသိအမှတ်ပြုသ၍ Bodyguard အဖြစ် ဆက်လက်ခန့်ထားသ၍ တော့ Kim အနား ရှိနေဦးမည်  Kim နှင်ရင်တောင် တွယ်ကပ်၍ ရှိနေဦးမည့်သူ ဖြစ်သည် သူ့ အား ကြည့်သော အဓိပ္ပါယ်ပေါင်း များစွာ ပါဝင်နေသည့် အကြည့်များ အားလည်း အံတုနိုင်ပါ၏ ဂျစ်ပစီ တစ်ယောက် ၏ ချစ်ခြင်း သည် တုနှိုင်း မရကြောင်း Kim ကို သက်သေပြလိုသည်

Yoo သည် နာကျင်အက်ကွဲသော ရင် အစုံဖြင့် Company ရုံးခန်း တွင် ထိုင်နေမိသည် Kim ၏ လည်ပင်း တွင် တစွန်းတစပေါ်နေသော အမှတ်အသား သည် Kim နှင့် Bodyguard ၏ ဆက်ဆံရေး ကို ကိုယ်စားပြုနေသလား Yoo အရင်ကတည်း က Kim အကြောင်း ကောလဟာလ များ ‌ကြားဖူးသော်လည်း မာနကြီးသော Kim သည် ဘာမှ မဟုတ်သော သူ နှင့် ဆိုသည် ကို မယုံကြည်ခဲ့ပါ ယခုမူ ကောလဟာလ သည် အမှန်တရား များ ဖြစ်နေမလား ဟူသော စိုးရိမ်စိတ်ဝင်သည်  သို့သော် Yoo အနေနှင့် Kim အား တစ်စုံတစ်ရာ စွက်ဖက်ပိုင်ခွင့် မရှိပါ ဘာကြောင့်များ Kim ကို သဘောကျမိသွားသလဲ မေးလျှင်ဖြင့် ရက်စက်တတ်သောကြောင့် ဟုသာ ဖြေဖြစ်မည်ထင်

🌼Fragile Kim🌼 CoMpLeTeDOnde histórias criam vida. Descubra agora