Uni
"Jinလေး ဘာလိုလို့လဲ"
"ဟီး...Taesoo hyung ရေလာယူတာ"
"ကိုယ်ထည့်ပေးမယ်"
"ရပါတယ်....Jin ကိုယ်တိုင်ပဲယူလိုက်ပါ့မယ်"
"ရတယ် ကိုယ်ထည့်ပေးမယ်...လာထိုင်လေ"
"ဟုတ်"
ဒီလိုနဲ့သူတို့နှစ်ယောက် ထမင်းစားခန်းတွင် ဆုံမိလျက် စကားထိုင်ပြောကြသည်။"Taesoo hyungက အရက်တွေသောက်နေတာ...စိတ်ညစ်စရာရှိလို့လား"
"အင်း...ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်တဲ့အပြင် ကိုယ်ချစ်နေတာတောင်မသိဘူးလေ..."
"ဖွင့်ပြောပေါ့ hyungရဲ့"
"ဖွင့်ပြောလို့တောင်မရတဲ့အေြခအနေမို့ပေါ့...ဒါနဲ့ထယ်ယောင်းနဲ့ဂျင်လေးရော အဆင်ပြေကြရဲ့လား"
"ဟုတ်ပြေပါတယ်"
"ထယ်ယောင်းကို အရမ်းချစ်တာပဲလား"
"ဗျာ...."
"ဟုတ်တာပေါ့ hyungရ babyကကျွန်တော့်ကိုသိပ်ချစ်တာလေ"
ထယ်ယောင်းရဲ့အသံ။
ဆော့ဂျင်ရေသွားယူမယ်ဆိုပြီး ဆင်းသွားတာ တော်တော်ကြာနေပြီဖြစ်သောကြောင့် သူအောက်ထပ်သို့ဆင်းလာခဲ့ပြီး ထမင်းစားခန်းသို့ဦးတည်သွားခဲ့သည်။
သူ့အကိုနဲ့ဆော့ဂျင်စကားပြောနေတာကို မထင်မှတ်ဘဲနားထဲသို့ဝင်လာခဲ့သည်။
သူရဲ့မျက်နှာကတင်းမာကောင်းမာနေလိမ့်မည်။
"ဘေဘီ မြန်မြန်လာလေကွာ ကိုယ်စောင့်နေတာကြာပြီ"
"အင်းလာမို့ပါပဲ...ဒါမဲ့.... hyungကတစ်ယောက်တည်းလေ"
ေဆာ့ဂျင် ထယ်ယောင်းကိုတစ်လှည့် ထယ်ဆူဟျောင်းကို တစ်လှည့် ကြည့်ရင်းပြောလိုက်သည် ။
ထယ်ယောင်းမျက်နှာတည်တင်းသွားပေမဲ့ အပြုံးတုကိုဖန်ဆင်းလိုက်ပြီး
"ဘေဘီကကွာ အိပ်ချိန်တောင်ရောက်နေပြီကို "
"ဟုတ်တယ် ဂျင်လေး အိပ်ချိန်ရောက်နေပြီ သွားအိပ်တော့ hyungလည်းဒီတစ်ခွက်ကုန်ရင် အိပ်တော့မှာ"
YOU ARE READING
But~~~[Complete]
Fanfictionဒီဘက် Accမှာ ပဲရေးပေးပါတော့မယ်။ဟိုaccက ဝင်လို့မရတော့လို့။