But _ 35

1.1K 85 51
                                    

Unicode

အချိန်တွေတ‌စ်ရွေ့ရွေ့ကုန်ဆုံးခဲ့တာ ဆော့ဂျင်လေး မွေးဖွားဖို့ ဘယ်လောက်မှမလိုတော့ပေ။
အခုဆိုရင်ဖြင့် ဆော့ဂျင်လေးသည် ဗိုက်ပူပူ လေးကို လက်တစ်ဖက်ဖြင့် သေချာပိုက်ပြီး ကုတင်ပေါ်မှ ထိုင်နေကာ ရေချိုးခန်းထဲ ရေချိုးနေသော ထယ်ယောင်းကို စကားအော်ပြောနေတော့သည်။

"မောင်ရေ "

"ဗျာ "

"မြန်မြန်လုပ်လေ Taesoo hyung တို့က ရောက်တော့မယ် "

"Seokjinnie လေးကလည်းကွာ လေယာဉ်က စိုက်တောင်မစိုက်သေးပါဘူး"

"အွန်း အွန်း အာ့ဆို ဖြေးဖြေးလုပ်နော်"

"ဟွန်း!"

"မောင်! ဘာလို့ရယ်နေတာလဲ ငါ့ကိုလှောင်တာလား "

ရေချိုးခန်းသို့ ရေတောင်ကိုယ်ပေါ်မရောက်သေး မြန်မြန်လုပ်တော့လို့ ပြောတဲ့ ဆော့ဂျင်လေးကြောင့် ထယ်ယောင်း စိတ်အနှောင့်အယှက်ဖြစ်ရမည့်အစား သဘောတွေကျနေတော့သည်။

ဆော့ဂျင်သည် ကလေးလေးရှိလာပြီးသည့်နောက် စိတ်ကလက်တစ်ဆစ် စိတ်လည်းမရှည်သလို၊ဒေါသလည်းထွက်လွယ်သည်။
တစ်ချိန်တည်း ဝမ်းနည်းလွယ်သလို၊ချွဲလည်းချွဲတတ်ပေသည်။တစ်ခါတစ်လေ သူမဟုတ်သလိုပင်။

"မဟုတ်ပါဘူးကွာ ခဏလေးနော် မောင်အမြန်ချိုးလိုက်မယ်"

"........."
ပြန်စာ စကားသံ မလာတော့သောကြောင့် ဆော့ဂျင်လေး စိတ်ကောက်သွားပြီဆိုတာ ထယ်ယောင်းသိလိုက်ပါပြီ။

ကိုယ်ပေါ်သို့ ရေ‌စိုရုံလေး ကိုမှ ဆပ်ပြာအမြန်တိုက်လိုက်ပြီး ရေချိုးဆပ်ပြာရည်ဖြင့် မျက်နှာသစ်လိုက်ရသည်အထိ ထယ်ယောင်းအလျင်လိုနေပါသည်။

ဆပ်ပြာတွေကိုပြောင်စင်အောင်ရေသန့်စင်လိုက်ပြီး သပတ်ကို ခါးတွင်ပတ်ကာ ရေချိုးခန်းထဲမှ ထွက်လာရသည်။

မျက်စောင်းထိုးကုတင်ပေါ်တွင် ရေချိုးခန်းကိုပဲ မျက်မှောင်လေးကြုတ်ကာ စိုက်ကြည့်နေသော ဆော့ဂျင်လေးသည် ရေချိုးခန်းထဲမှ ထွက်လာသော ထယ်ယောင်းကို မြင်မြင်ချင်း မျက်စောင်းထိုးလိုက်သည်။

But~~~[Complete]Where stories live. Discover now